အောင်သြဘာ ရိုက်ကူးထားတဲ့ "ပင်လယ်ကြီးက ဘာပြောလဲ" ရုပ်ရှင်ဇာတ်ကား အထူးပွဲ



"ပင်လယ်ကြီးက ဘာပြောလဲ" ရုပ်ရှင်ဇာတ်ကား အထူးပွဲ ကို ဒီကနေ့ ဇွန်လ (၁၇) ရက်နေ့က ရန်ကုန်၊ သမ္မတ ရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့ပါတယ်။ ဒီဇာတ်ကားကို ဒါရိုက်တာ အောင်သြဘာ က ရိုက်ကူးထားပြီး သရုပ်ဆောင် ခန့်စည်သူ၊ မင်းမော်ကွန်း၊ ထွန်းထွန်း၊ ဖြိုးငွေစိုး၊ စိုးမြတ်သူဇာ၊ အိချောပို၊ သန္တာဗိုလ်၊ ရတနာဗိုလ် နှင့် အခြားအနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ထားပါတယ်။

By - MyanmarCelebrity



"ဒီဇာတ်ကားမှာ သာမန်အဆိုတော် တစ်ယောက်အနေနဲ့ ပါဝင်ထားတယ်။ MTV ရိုက်ဖို့အတွက် မော်ဒယ်ကောင်မလေးကို ကမ်းခြေခေါ်လာတယ်။  ကာရိုက်တာကတော့ ပေါ့ပေါ့ပါးပါး ပါပဲ။ အရမ်းကြိုးစား အားထုတ်ထားတဲ့ ကာရိုက်တာမျိုး မဟုတ်ပါဘူး။ ဒီဇာတ်ကားလေးက ပရိသတ်တွေရဲ့ ဘ၀အမောကို ပြေစေမယ့် ဟာသဇာတ်ကားလေးဖြစ်တဲ့အတွက် လာရောက်ကြည့်ရှုအားပေးဖို့ အားလုံးကို ဖိတ်ခေါ်ပါတယ်" လို့ MC ကို ပြောပါတယ်။

#TunTun


"ဒီရုပ်ရှင်ဇာတ်ကားက ရိုက်ထားတာ(၂)နှစ်ကျော် (၃)နှစ်လောက် ရှိပါပြီ။ ခုလိုရုံတင်ခွင့်ရလို့ ကျေးဇူးတင်ပါတယ်။ သရုပ်ဆောင်တွေကလည်း ကိုယ်ပါဝင်တဲ့အခန်းလေးတွေကို အတတ်နိုင်ဆုံးကြိုးစားထားကြပါတယ်။ ဒီဇာတ်ကားထဲမှာ ရွှေဇင် ဆိုတဲ့ မော်ဒယ်၊ မင်းသမီးပုံစံ သရုပ်ဆောင်ထားပါတယ်" လို့ MC ကိုပြောပါတယ်။

#EiChawPo


#ThandarBo


#MyanmarActor #MyanmarActress

Related Posts

Scroll to top