Face Of Beauty Queens 2018 ပြိုင်ပွဲအတွက် Finalist ရွေးချယ်ပွဲ



ထိုင်းနိုင်ငံ နှင့် စပိန်နိုင်ငံတွင် ကျင်းပမည့် Face Of Beauty Queens 2018 ပြိုင်ပွဲအတွက် Lady Boy Finalist အယောက် (၂၀) အား စာနယ်ဇင်းမိတ်ဆက်ပွဲ အခမ်းအနားကို ဒီကနေ့ ဇွန်လ (၂၀) ရက်နေ့က ရန်ကုန်၊ Novotel Hotel မှာပြုလုပ်ခဲ့ပါတယ်။

#By - MyanmarCelebrity


"တော်တော်များများ အရမ်းလှကြတယ်။ မကြီးတို့ခေတ်တုန်းက အရမ်းမလှဘူးလေ။ အခုခေတ်ကလေးတွေက တော်တော်လည်း ပြုပြင်ထိန်းသိမ်းမှုတွေရှိကြတယ်။ မကြီးတို့ခေတ်တုန်းက နိုင်ငံခြားသွားဖို့တောင်မလွယ်ဘူး။ နိုင်ငံတကာကို ယှဉ်ပြိုင်ဖို့ဆိုတာ အရမ်းဝေးတယ်။ ကလေးတွေက ဆုရတယ်ဆိုရင် International Queen ဆိုရင် ထိုင်းနိုင်ငံ ဖူးခက်မှာ နှစ်တိုင်း ကျင်းပကြတယ်။ မကြီးတို့လည်း ကြည့်ဖူးတယ်။ အခုဆိုရင် မြန်မာနိုင်ငံက သွားပြိုင်တာ (၃)နှစ်တောင် ရှိပြီဆိုတော့ ဒီလောက တိုးတက်လာမှုအပေါ် လှိုက်လှိုက်လှဲလှဲ ၀မ်းသာဂုဏ်ယူပြီး ကြိုဆိုပါတယ်" လို့ မိတ်ကပ် ခင်စန်းဝင်း က MC ကို ပြောပါတယ်။

#KhinSanWin


"ဒီပွဲမှာ ဒိုင်အဖြစ်ပါဝင်ရမယ့် အပြင် သု့တို့လိုမျိုး မိန်းမလိုဝတ်စားဆင်ယင်တဲ့ LGBT တွေကို ချီးမြှောက်တဲ့ပွဲကြီးဆိုတော့ တက်ရောက်ဖြစ်တာပါ။ သူတို့က အရမ်းလှနေတော့ ကိုယ်တောင် ပြန်ငယ်ချင်သွားတယ်။ သူတို့ကို ကြည့်လိုက်ရင် မိန်းမတွေတောင် ထိုင်ငိုသွားမယ်။ ကိုယ်တောင်မှ ပါးစပ်အဟောင်းသားဖြစ်သွားတယ်။ ခန္တာကိုယ် အချိုးအစား၊ အသံ၊ မျက်နှာ၊ အသားအရေတွေကစ အရုပ်လေးတွေလားမှတ်ရတယ်။ အများကြီးတော်တယ်လို့ပြောရမယ်။ မိန်းမအစစ်တွေထက်တောင် လှနေကြတော့ အရမ်းပျော်ပါတယ်။ မိန်းမနဲ့တစ်အားတူနေတော့ မိန်းမ Miss တစ်ယောက်လိုပဲထင်မိဘူး။ သူတို့ကို ကြည့်ပြီးတော့ ကိုယ့်ကိုယ်ကိုတောင် သိမ်ငယ်တယ်" လို့ မိတ်ကပ် ညီညီမောင် က MC ကို ပြောပါတယ်။

#NyiNyiMaung




#MyanmarCelebrity #KhinSanWin #NyiNyiMaung

Related Posts

Scroll to top