ဒါရိုက်တာ ဟိန်းစိုး ရိုက်ကူးပုံဖော်မယ့် "ဟစ်တိုင်" ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲပေးပွဲ



ဒါရိုက်တာ ဟိန်းစိုး ရိုက်ကူးပုံဖော်မယ့် "ဟစ်တိုင်" ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲပေးပွဲ အခမ်းအနားကို ဒီကနေ့ ဇူလိုင်လ (၄) ရက်နေ့က ရန်ကုန်၊ ရွှေတိဂုံဘုရားအောင်မြေမှာ ပြုလုပ်ခဲ့ပါတယ်။ ဒီဇာတ်ကားမှာ သရုပ်ဆောင် အိန္ဒြာကျော်ဇင်၊ မေသန်းနု၊ စိုင်းဝဏ္ဏအောင်၊ ထူးပြည့်အောင်၊ စိုးသူရနိုင်၊ လှမျိုးသဉ္ဖာနွယ်၊ စိုးမိုးကြည်၊ သန်းသန်းစိုး နှင့် အခြားအနုပညာရှင်များစွာ ပါဝင်မှာဖြစ်ပါတယ်။

By - MyanmarCelebrity


"မဆင့်က ဒီဇာတ်ကားထဲမှာ ကလေး(၃) ယောက်အမေနေရာကပါ။ အူဝဲက မဆင့် ချွေးမရဲ့ ညီအစ်မ တစ်ဝမ်းကွဲပေါ့။ အရမ်းဒုက္ခရောက်တော့ အိမ်မှာ ခေါ်ထားတယ်။ သူ့ရဲ့ ကလေးကို အိမ်နားနီးချင်း ယောင်္ကျားနှစ်ယောက်က မုဒိမ်းကျင့်ပြီး သတ်ပစ်ခဲ့တယ်။ ဒီဇာတ်ကားရဲ့ ရည်ရွယ်ချက်က သက်ငယ်မုဒိမ်း ပပျောက်ရေးကို ဦးတည်ထားပါတယ် " လို့ MC ကို ပြောပါတယ်။

#MayThanNu


"အဓိကကတော့ ဒေါင်းနီရဲ့ စိတ်ဓာတ်က မဟုတ်မခံပေါ့။ သူ့ဘ၀မှာ သမီးကိုချစ်တဲ့စိတ်ကြောင့် အရာအားလုံးကို စွန့််လွှတ်လိုက်တယ်။ သက်ငယ်မုဒိမ်းမှု အဖြစ်အောင် ပညာပေးတဲ့ ဇာတ်ကားလေးပါ" လို့ MC ကို ပြောပါတယ်။

#EaindraKyawZin









#MyanmarCelebrity #MyanmarActress #MyanmarActor

Related Posts

Scroll to top