စတီးလ် (ဒွေးမေတ္တာ) ရိုက်ကူးမယ့် "မြင်းဖြူရှင် နှင့် မြင်သည်တော်ဖိုးအေး" ရုပ်ရှင်ကား ကန်တော့ပေးပွဲ



ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ) ရိုက်ကူးမည့် "မြင်းဖြူရှင် နှင့် မြင်သည်တော်ဖိုးအေး" ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲပေးပွဲကို ဒီကနေ့ ဇူလိုင်လ (၂၁) ရက်နေ့က ရန်ကုန်၊ ရွှေတိဂုံဘုရား အောင်မြေမှာ ပြုလုပ်ခဲ့ပါတယ်။ ဒီဇာတ်ကားမှာ သရုပ်ဆောင် ဇင်ဝိုင်း၊ ဗေလုဝ၊ နေမျိုးအောင်၊ မင်းမော်ကွန်း၊ ဒိန်းဒေါင်၊ ထူးခြား၊ ဂန္တ၀င်၊ ရွှေသမီး၊ နန်းခင်ဇေယျာ နှင့် အခြားအနုပညာရှင်များစွာ ပါဝင်မှာ ဖြစ်ပါတယ်။

By - MyanmarCelebrity


“ဒီဇာတ်ကားလေးကို ရိုက်ဖို့ ပြင်ဆင်နေတာ (၁) နှစ်နီးပါးလောက်ရှိမယ်။ ဒီဇာတ်ကားထဲမှာ အစ်ကို က လူပျိုကြီး ကို ကျော့မောင် နေရာက ပါဝင်ရမယ်။ ရွာထဲမှာ ပျော်ပျော်နေတတ်ပြီး ရွာက ကောင်မလေးတွေကိုလည်း နှာဘူးထတယ်။ Drama နဲ့ Action နည်းနည်းပါတယ်” လို့ MC ကို ပြောပါတယ်။

#NayMyoAung


“အစ်ကို့ ကာရိုက်တာလေးက ရဲဘက်စခန်းကထွက်ပြေးလာတဲ့အချိန် ရွာတစ်ရွာမှာ နားနေတုန်း အထုတ်လေး (၂) ထုတ်ကောက်ရတယ်။ အထုတ်ထဲမှာ ဘိုးတော်အ၀တ်အစားတွေ ပါလာတော့ ရွာကသူတွေက ဘိုးတော်ဆိုပြီး ကိုးကွယ်ကြတယ်။ နောက်ဆုံးမှာလည်း မကောင်းတာလုပ်တဲ့သူက မကောင်းတာပြန်ခံရတယ်” လို့ MC ကို ပြောပါတယ်။

#DaingDaung


ဇာတ်ကားလေးက အဘ မြင်းဖြရှင် ရဲ့  သမိုင်းအကြောင်းကို အခြေခံပြီးတော့ ဟာသရော၊ drama ရော ပါတယ်။ ခေတ်ပညာတတ် ကျောင်းဆရာမလေး တစ်ယောက်နေရာကနေ ပါဝင်ရတယ်” လို့ MC ကို ပြောပါတယ်။

#GanTaWinn


#ZinWyne #BayLuWa





Related Posts

Scroll to top