"ချည်" ရုပ်ရှင်ဇာတ်ကား ရိုက်ကူးနေကြတဲ့ နေတိုး နဲ့ ရွှေသမီး တို့ရဲ့ ရိုက်ကွင်းပေါ်က ပုံရိပ်။



ဒါရိုက်တာ ညွန့်မြန်မာညီညီအောင် ရိုက်ကူးပုံဖော်နေတဲ့ "ချည်" ရုပ်ရှင်ဇာတ်ကားကို စက်တင်ဘာလ () ရက်နေ့က ရိုက်ကူးခဲ့ပါတယ်။ ဒီဇာတ်ကားမှာ သရုပ်ဆောင် နေတိုး၊ သက်မွန်မြင့်၊ ရွှေသမီး၊ ဟိန်းမင်း နှင့် အခြားအနုပညာရှင်များစွာ ပါဝင်ထားပါတယ်။

By - MyanmarCelebrity


 " ဒီဇာတ်ကားထဲမှာ ကယန်း တိုင်းရင်းသားတစ်ယောက်အနေနဲ့ပါဝင်ရတာပါ။ သတ္တုတွင်းတူးဖော်တဲ့ လုပ်ငန်းကို လုပ်ကိုင်တဲ့ လူတစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ အချစ်၊ ရိုးရာဓလေ၊့ အိမ်ထောင်ရေး အကုန်လုံးကို ရသပိုင်းရော ဇာတ်လမ်းပိုင်းရော အသေးစိတ်တင်ပြထားတဲ့ ဇာတ်ကားလေး ဖြစ်ပါတယ် " လို့ MC ကိုပြောပါတယ်။

#NayToe


" ဒီဇာတ်ကားထဲမှာ ကာရိုက်တာက နည်းနည်းထက်ထက်မြက်မြက် မိန်းကလေးပါ။ ဆရာဝန်မလည်းဖြစ်တယ်။ နိုင်ငံခြားမှာလည်း ကျောင်းတက်ခဲ့ရတာဆိုတော့ ကိုယ်လုပ်ချင်တာကို ရအောင်လုပ်တက်တဲ့ အကျင့်ရှိတဲ့ ကာရိုက်တာလေးပါ " လို့ MC ကိုပြောပါတယ်။

#ShweThamee











#MyanmarCelebrity #NayToe #ShweThamee #NyuntMyanmarNyiNyiAung #Chi

Related Posts

Scroll to top