MC Live Chat မှာ ပရိသတ်တွေနဲ့ စကားတွေပြောခဲ့တဲ့ အိမ်စည်၊ ဟန်လေး နဲ့ နန်းနန်း


MC ပရိသတ်ကြီးနဲ့ Live Chat မှာ စကားတွေပြောခဲ့ကြတဲ့ အလှမယ် ရွှေအိမ်စည်၊ ဟန်လေး နဲ့ နန်းစန္ဒာလှထွန်း တို့ရဲ့ ချစ်စရာပုံရိပ်တွေပါ။

@MyanmarCelebrity


" လူတိုင်းဝတ်နေတဲ့ ပုံစံမျိုးမ၀တ်ချင်ဘူး။ ဘာလို့လဲဆိုတော့ သူများနဲ့ မတူချင်လို့။ သူများက ဒါလှတယ်ဆို အဲ့ဒါကို မ၀တ်ချင်ဘူး။ ရုပ်ဆိုးတယ်ဆိုရင်တောင် သူများနဲ့ မတူတာပဲဝတ်ချင်တယ်။ သူများကမလှဘူး လို့ပြောရင်လည်း ကိုယ်လှနေတယ်ထင်ရင် ပြီးရော။ ဂရုကိုမစိုက်ဘူး။ " လို့ ဖက်ရှင်နဲ့ ပတ်သတ်ပြီး MC ကိုပြောပါတယ်။

#ShweEainSi



" ဒီ Miss လောကက ကိုယ်တိုင်ရှာမှ ကိုယ်ရမယ့် အလုပ်ပါ။ ဒီမှာက ဈေးကွက်ဖြတ်ကြတယ်၊ သူ့အဖွဲ့ ကိုယ့်အဖွဲ့ ဆိုပြီးခွဲခြားပြီးသွားကြတာများတယ်။ ဒီလောကကြီးကို တိုးဝင်ဖို့ခဲယဉ်းတယ်။ ဟန်လေးတို့တောင် ခဲယဉ်းနေတာ နောက်တက်လာမယ့် ကောင်မလေးတွေဆို မပြောနဲ့တော့ ပိုပြီးခဲယဉ်းတယ် ကိုယ်တောင် ဒီနေရာရနေတာ ကံကောင်းတယ် " လို့ MC ကိုပြောပါတယ်။

#HanLay



" နောက်ပိုင်းတော့ သရုပ်ဆောင်ဘက်ကို ပိုပြီးတော့ အားစိုက်ဖြစ်နေတယ်။ နန်းနန်း ကိုစောင့်ကြည့်ပေးကြပါ။ လိုအပ်ချက်တွေရှိရင်လည်း ဝေဖန်ပေးကြပါ။ အနုပညာအလုပ်က ကံ နဲ့ စန်း အပေါ်မှာလည်း မူတည်သေးတယ်။ ကိုယ်ကအမြဲပုံမှန်ကြိုးစားနေတဲ့ လူတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့် ဘယ်လောက်ထိပဲ ကံမရှိပါစေ တစ်နေ့နေ့တစ်ချိန်ချိန်မှာ သူ့အတွက်နေရာလေးတစ်ခုတော့ ရှိလိမ့်မယ်လို့ ယုံကြည်ထားတယ်။ နန်းကိုချစ်တဲ့ သူတွေအတွက် နန်းအမြဲကြိုးစားနေပါတယ် " လို့ MC ကိုပြောပါတယ်။

#NanSandarHlaTun





#MyanmarCelebrity #ShweEainSi #HanLay #NanSandarHlaTun

Related Posts

Scroll to top