ပွင့်ပွင့်လင်းလင်း ခင်ပြီး သီချင်း အတူလုပ်ဖြစ်နေတဲ့ ဖြိုးပြည့်စုံ နဲ့ အောင်ထက်


လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ဆုံကြရင်းနဲ့ သီချင်းလုပ်မယ်ဆိုပြီး Idea ရတာနဲ့ စီစဉ်ကြတာ။ အကြောင်းအမျိုးမျိုးကြောင့် တစ်နှစ်လောက် နားပြီးမှ သေချာပြန်လုပ်ဖြစ်တာပေါ့။ 
By - MyanmarCelebrity


🌟 အောင်ထက် 🌟
ကိုဖြိုးက အေးအေးဆေးဆေးနဲ့ လူကြီးလိုပဲ။ စကားဆိုလည်း ကျကျနနပြောတတ်တာကို အရမ်းသဘောကျတယ်။ အလုပ်လုပ်ရင်လည်း အေးဆေးလုပ်တတ်တယ်။ 


🌟 ဖြိုးပြည့်စုံ 🌟
အောင်ထက်က စိတ်မြန်တယ်။ ယုံကြည်ချက်ရှိပြီး အမြဲ Strong ဖြစ်တယ်။ အချင်းချင်းက ပွင့်လင်းတယ်။ မကြိုက်တဲ့အချက်တွေကို အပြန်အလှန် အမြဲပြောတော့ အဆင်ပြေပါတယ်။ 



"ဂစ်တာကို အသက် (၁၆) နှစ် ကတည်းက တီးတတ်ခဲ့တယ်။ Guitar Note စာအုပ်တွေ ဖတ်ရင်း၊ လေ့လာရင်းနဲ့ သိလာတာပါ။ (၂၀၁၅) ခုနှစ်လောက်က မွေးနေ့မှာ WE LOVE အဖွဲ့တွေက Electric Piano တစ်လုံး စုဝယ်ပြီး အိမ်မှာ Surprise လုပ်ပေးထားတယ်။ အဲတုန်းက Piano ကို သေချာ မတီးတတ်သေးဘူး။ အခုဆိုရင် တယော စသင်နေပြီ။ တခြားတူရိယာတွေလည်း တီးတတ်ချင်တာတွေ အများကြီး ရှိပါသေးတယ်"
အောင်ထက်




"Piano တီးပြီး ပရိသတ်အတွက် သီချင်းဆိုပြနိုင်အောင် ကြိုးစားနေပါတယ်။ ပြိုင်ပွဲမှာပဲ အခက်အခဲတွေ ရှိခဲ့တာ မဟုတ်ပါဘူး။ ပြိုင်ပွဲပြီးသွားတော့မှ တကယ့်ဘဝက စခဲ့တာပါ။ ကိုယ်ပိုင်သီချင်း မရှိခဲ့တဲ့အခါ ပွဲမှာ ဆိုတိုင်း အရမ်းသိမ်ငယ်ခဲ့တယ်။ ဒီလိုပဲ ငါးနှစ်လောက် သီချင်းတွေ လုပ်ရင်း လိမ်ဖယ်လိမ်ဖယ်နဲ့ အခုလိုဖြစ်အောင် ကြိုးစားခဲ့တာပဲ" 
ဖြိုးပြည့်စုံ








အောင်ထက်က ရေးနိုင်၊ တီးနိုင်တဲ့သူမို့ ကိုယ်လိုချင်တဲ့ ပုံစံကို သိတယ်။ တွဲဆိုရာမှာ Key လေး ချိန်ရတာက လွဲရင် အကုန် ညှိလို့ရတယ်။ ပြိုင်ပွဲပြိုင်တာချင်း မတူကြပေမယ့် သိကြတယ်။ ပွဲသီချင်း ဆိုတိုင်းလည်း အမြဲဆုံတယ်။

#MyanmarCelebrity #AungHtet #PhyoPyaeSone #MCLiveChat

Related Posts

Scroll to top