မိန်းမလျာ ဘ၀ကို ခံယူလိုက် ပါပြီဆိုတဲ့ သရုပ်ဆောင် ရဲလေးမ


"အခုလက်ရှိ ဇာတ်ကားတွေမှာရော ရိုက်ပြီးခဲ့တဲ့ ဇာတ်ကားတွေမှာပါ မိန်းမလျာ ဇာတ်ရုပ်အနေနဲ့ပဲ သရုပ်ဆောင် ခဲ့ရပါတယ်။ ဒီမိန်းမလျာ ကာရိုက်တာ (Character) နဲ့ပဲ ပရိတ်သတ်က သိတယ်၊ အားပေးတယ်၊ လက်ခံတယ် ဆိုတော့ အရင် ဘ၀ကနေ အခုအများကြီး ပြောင်းလဲလိုက်ပါတယ်။ အရင်က ယောင်္ကျားကြီးဘ၀နဲ့ ရဲလေး ဆိုတာ စွတ်ကျားထားရပေမယ့် ဇာတိက ဖုံးကွယ်လို့ မရပါဘူး။ ရုပ်လုံးက ကြွလာတော့လည်း ရဲလေး ဘ၀ကို မေ့လိုက်ပြီး ရဲလေးမ ဘ၀ကို ပဲခံယူလိုက်ပြီ။ "ရဲလေးမ" လို့ခေါ်တာကိုပဲ ကျေနပ်တယ်။ မိတ်ကပ် မလိမ်းရဘူးဆိုရင်ပဲ မနေတတ်ဘူး ဖြစ်နေတယ်။ မိတ်ကပ် လိမ်းလိုက်၊ ခြယ်လိုက်မှ ကိုယ့်ဘ၀က သာယာတယ် ထင်နေတာပါ" လို့ ဇာတ်ပို့ဇာတ်ရံ သရုပ်ဆောင် ရဲလေး (ခ) ရဲလေးမ က Myanmar Celebrity သို့ ပြောပြပါတယ်။


"ဈေးထဲသွားတယ်ဆိုရင် စကြ၊ နောက်ကြတယ်။ "၀ုန်းလိုက်ပါဦး" တို့ ဘာတို့ပေါ့။ အဲ့လိုဆိုလည်း ကိုယ်က ပြန်နှုတ်ဆက်တယ်၊ အပြန်အလှန်လေး တွေပေါ့။ မိသားစုကတော့ အဖေတစ်ယောက်ပဲ အခုလိုနွဲ့တဲ့တဲ့နေတာကို မကြိုက်ချင်ဘူး။ ဆူတာ၊ ငေါက်တာလေး တွေတော့ ရှိတာပေါ့။ ဆိုးဆိုရွားရွားကြီး တားမြစ်တာတော့ မရှိပါဘူး။ အိမ်မှာ တစ်ခါတစ်လေ ကိုယ့်ဇာတ်ကားလေးတွေ ကြည့်ရင်တောင် သူတို့က လိုက်ရယ်ကြပြီ" လို့ မိန်းမလျာဘ၀ကို အပြီးခံယူတော့မယ့် ရဲလေးမ က ပြောပါတယ်။


"အသက်က (၄၀) ကျော်ပြီဆိုတော့ အိမ်ထောင်ပြုဖို့လည်း မဖြစ်နိုင်တော့ဘူး။ လက်ရှိ ရဲလေးမ ဘ၀နဲ့ပဲ အသားကျနေပြီဆိုတော့ ဒီဘ၀မှာပဲ ကျင်လည် ကျက်စားမယ်၊ ပျော်မယ်။ ဒီဘ၀ကို ခုံမင်တဲ့အတွက် ရှေ့လျောက် အလှအပလေးတွေပြင်၊ မိတ်ကပ်လေးတွေ ခြယ်မှုန်းပြီး၊ ပျော်ပျော်ရွှင်ရွှင်နဲ့ ဘ၀ကို ဖြတ်သန်းမယ်" လို့ သူ့ရဲ့ ခံစားယူချက်ကို ရဲလေးမ က Myanmar Celebrity သို့ ပြောခဲ့ပါတယ်။





Myanmar Celebrity Update: A Moment with Ye Lay Ma, Trangender (Gay) #YeLayMa #MyanmarTrangender

Related Posts

Scroll to top