“ 3 Girls ” ရုပ်ရှင်မှာ စိတ်ပုပ်ရတာ ပင်ပန်းလို့ ငိုပါချလိုက်ရတယ် - ဖွေးဖွေး



သရုပ်ဆောင် ဖွေးဖွေး က “3 Girls ” ရုပ်ရှင်ရိုက်ကူးတော့ စိတ်ပုပ်တဲ့ စိတ်အမြဲတမ်းမွေးထားရတာ ပင်ပန်းလို့ ဇာတ်ကားရိုက်အပြီး ငိုချလိုက်မှ စိတ်သက်သာရသွားတယ်လို့  MC သို့ပြောပါတယ်။


“ဖွေးလုပ်တဲ့ ကာရိုက်တာတွေ က ပင်ပန်းတာတွေများတယ် ။ ခေါင်ပွင့် ကာရိုက်တာဆိုရင်လည်း အမြဲတမ်း စိတ်ပုပ်နေရတာပေါ့။ အိချောပို ကိုလေ။ ရှုတင်မှာဆိုရင်လည်း စိတ်ပုပ်တဲ့ စိတ်ကိုပဲမွေးတာပေါ့နော်။ ရိုက်နေတဲ့အချိန်ဆိုရင်လည်း စိတ်ပုပ် ၊ အဲ့လိုဆိုတော့ ရိုက်ကွင်းပေါ်ရောက်ရင် ပိုပြီးတော့  Mood ၀င်တာပေါ့ ။ Action လို့အော်မှ ပုပ်နေတာမဟုတ်ဘူး ။ အဲ့ကားလည်း ပြီးရော ငိုချလိုက်ရတယ်။ စိတ်ပုပ်ရတာ အရမ်းပင်ပန်းလွန်းလို့ ပေါ့”  - ဖွေးဖွေး


ဒီဇာတ်ကားကို ဒါရိုက်တာ ၀ိုင်းက ရိုက်ကူးထားတာဖြစ်ပြီး သရုပ်ဆောင် အလင်းရောင် ၊ ဖွေးဖွေး ၊ အိချောပို နှင့် ပိုင်ဖြိုးသု တို့က ပါဝင်ထားတာပါ ။ ဖွေးဖွေး ရဲ့ ဇာတ်ရုပ်အရ ရက်စက်တတ်တဲ့ မိန်းမတစ်ယောက် အနေနဲ့ သရုပ်ဆောင်ထားရတာဖြစ်လို့ ကိုယ့်ကိုကိုယ် ကြောက်မိတယ်လို့ ပြောပါတယ် ။



“လက်ပံဆိုရင်လည်းဖွေးကြောက် တာပဲ ။ အခုခေါင်ပွင့်ဆိုလည်း ဖွေးကြောက်တယ်။ အပြင်မှာ အဲ့လိုမိန်းမတွေကို ဖွေးကြောက်တယ် ။ ဒါပေမယ့် လုပ်မယ်ဆိုပြီး လုပ်လိုက်တာပေါ့ ။ ဖွေးဖွေး အနေနဲ့ မကြိုက်ပေမယ့် ခေါင်ပွင့် အဖြစ်သရုပ်ဆောင်တဲ့အချိန် အားလုံးကို မေ့လိုက်တယ်။ ပရိသတ်အတွက် အကောင်းဆုံးကြိုးစားထားပါတယ် ။ ကာရိုက်တာပီပြင်အောင်လို့ ကြိုးစားထားတယ်လို့ ပဲ ပရိသတ်ကို ပြောချင်ပါတယ်” လို့ ဖွေးကပြောထားပါတယ်။  By MyanmarCelebrity





#MyanmarCelebrity #PhwayPhway

Related Posts

Scroll to top