ပရိသတ်မုန်းမှာစိုးလို့ ဗီလိန်ကြီးပဲ သရုပ်ဆောင်ရမှာတော့ မရိုက်ချင်ဘူး - မေပန်းချီ


ရုပ်ရှင်ဇာတ်ကားတစ်ကားမှာ ဘလိုင်းကြီးသက်သက် ဗီလိန်ဇာတ်ရုပ် သရုပ်ဆောင်ဖို့ ကမ်းလှမ်းလာမယ်ဆိုရင်တော့ ပရိသတ်မုန်းမှာစိုးလို့ လက်ခံရိုက်ကူးဖြစ်မှာ မဟုတ်ပါဘူးလို့ သရုပ်ဆောင် မေပန်းချီ က MC သို့ပြောပါတယ်။


“ဘလိုင်းကြီး ဗီလိန်ကြီးကျတော့လည်း မရိုက်ချင်ဘူး။ ကိုရီးယားကားတွေက ဗီလိန်ကြတော့ အရမ်းမိုက်တယ်။ တစ်ချို့ဇာတ်ကားတွေဆိုရင်လည်း မင်းသမီးထက်တောင် မိုက်သေးတယ်။  အရမ်းလည်း အားကျတယ်။ မင်းသမီးထက်လည်း မိုက်တယ် ။ Actor ကြေးဆိုရင်လည်း ညီတူမျှတူရတယ်။ မြန်မာပြည်မှာကျတော့အဲ့လိုလည်း ရတာမဟုတ်ဘူး။  ပရိသတ်ကလည်း မုန်းဦးမယ်။ အိုက်တင် အရမ်းကောင်းသွားမယ်ဆိုရင်လည်း တစ်ချိန်လုံး ဗီလိန် ဆိုပြီးတော့ အစွဲကဖြစ်သွားရောပေါ့။ တစ်ချို့မလိုအပ်ပဲနဲ့ ဘလိုင်းကြီး ဗီလိန်လုပ်နေရတာတော့ ပန်းချီငြင်းလိုက်တယ်။ ဗီလိန်ကိုမှ ကာရိုက်တာအရ အချက်ကျကျရိုက်ရမယ် ဆိုရင်တော့ မငြင်းပါဘူး ။ အခုခေတ်ကြီးမှာ ပရိသတ်က ဗီလိန်ကာရိုက်တာကိုလည်း လက်ခံလာပါတယ် ။ ဒါတွေက အပြင်မှာလည်း တစ်ကယ်ရှိတယ်လေ။ အမြင်တွေလည်း ကျယ်လာပြီး အနုပညာကို အနုပညာလိုပဲ အခုနောက်ပိုင်းကြတော့ မြင်တတ်လာတယ်ပေါ့ ။ ပန်းချီ့ အနေနဲ့ ကိုယ့်အတွက်လည်း မကျန်သလို၊ ပရိသတ်အတွက်လည်း မကျန်တဲ့ ဘလိုင်းကြီး ဗီလိန် ကိုတော့ မရိုက်ချင်ပါဘူး။ တစ်ချို့ဇာတ်ကားတွေဆိုရင် ဗီလိန်လုပ်ပြီးတော့ ပရိသတ် ရင်ထဲကို စွဲပြီး ကျန်ခဲ့တာတွေလည်း အများကြီးရှိတယ်။ ကိုယ့်အတွက်   Actorကြေးလည်း အပြည့်အ၀ ရတာလည်းမဟုတ်ဘူး ။ ဒီတိုင်းကြီး ပရိသတ်ကလည်း မုန်းဦးမယ် ။ ဗီလိန်သာပြီးတယ် ၊ ဘာမှ မကျန်တဲ့ဇာတ်မျိုးတော့ မရိုက်ချင်ဘူး” -  မေပန်းချီ



 ရုပ်ရှင်ဇာတ်ကားတွေ ကမ်းလှမ်းတဲ့အခါ ရွေးချယ်ပိုင်ခွင့်တော့ ပန်းချီတို့မှာ အခွင့်အရေးတော့ သိပ်မရှိဘူးလို့ပြောပါတယ်။ ဗီဒီယိုဇာတ်ကားကလည်း နည်းလာပြီဖြစ်လို့ ရုပ်ရှင်ဇာတ်ကား ရိုက်ဖို့မပြတ်အောင် ကြိုးစားနေရတယ်လို့ သိရပါတယ်။ 

“အခုချိန်မှာကြတော့ ဗီဒီယိုကလည်း နည်းနေတာလေ။ အရင်တုန်းကလိုမျိုး ကားရိုက်လည်း မစိပ်တော့ဘူး ။ အခွင့်ရေးလည်း အများကြီးမရဘူး ။ အနုပညာနဲ့ ပက်သက်လို့တော့ အကုန်ချစ်တဲ့အတွက်ကြောင့် အနုပညာနဲ့ ပက်သက်တဲ့ အလုပ်တွေ အကုန်လုံးလုပ်ချင်တယ်။ ပါရမယ့် ဇာတ်ဝင်ခန်း နည်းတယ်ဆိုပေမယ့်လည်း ကာရိုက်တာကောင်းရင်လည်း ရိုက်တယ်။ ဗီလိန် ၊ ဒရမ်မာ ၊ ဟာသ ဆိုရင်လည်း ရိုက်မှာပါပဲ ။ ရလာတဲ့ အခွင့်အရေးကိုတော့ အကောင်းဆုံးရိုက်မှာပါ။ ”
By MyanmarCelebrity





#MyanmarCelebrity #MayPanChi

Related Posts

Scroll to top