ဝေဖန်မှုတွေကြောင့် Rap သီချင်းရေးနိုင်အောင် ကြိုးစားနေပါပြီ - ပြုံးမြသွယ်


ကိုယ့်သမိုင်းကိုယ်ရေးကြသူများ (၂) ရုပ်ရှင်ဇာတ်ကားမှာ “ကိုယ့် Rap ကို မရေးနိုင်ရင် ငပေါ ” လို့ ပြောလိုက်တဲ့ ဇာတ်ဝင်ခန်းကြောင့် ဝေဖန်ခံခဲ့ရလို့ ကိုယ်တိုင်လည်း Rap သီချင်းတွေ ရေးနိုင်အောင် ကြိုးစားနေပါပြီ လို့ အဆိုတော် ပြုံးမြသွယ် က MC သို့ပြောပါတယ်။



“  ကိုယုန်လေး နဲ့ ကိုယ့်သမိုင်းကိုယ်ရေးကြသူများ (၂) မှာလည်း ညီမပြောခဲ့ပါတယ်။ ကိုယ့် Rap ကို မရေးနိုင်ရင် ငပေါ လို့ပြောခဲ့ပါတယ်။ အဲ့တုန်းကလည်း ပြောရမယ်ဆိုတာကို မသိပဲ ညီမပြောမိပါတယ် ။ အဲ့တော့ ညီမကို တိုက်ခိုက်ပြီးတော့ ပြောကြတယ် ။ ညီမကလည်း  Rap  မရေးနိုင်ပဲနဲ့ပေါ့ ။ ဒါပေမယ့် အခုတော့ ညီမလည်း ကိုယ့်  Rap  ကိုယ် ရေးနိုင်နေပါပြီ ။ ရေးနိုင်အောင် ကြိုးစားနေပါပြီ။ အခုစာအုပ်တွေ ဖတ်နေပါပြီ ။ Hit ဖြစ်နေတဲ့ သီချင်းတွေကိုလည်း လုပ်နေပါပြီ။ ကိုယ့်ဘာသာ သီချင်းရေးနိုင်ဖို့လည်း ကြိုးစားနေပါပြီ။ ကိုGFire၊ ကို GFatt တို့ဆီကလည်း သီချင်းရေးတာတွေ သင်နေပါပြီ” - ပြုံးမြသွယ်



ဂီတကို ငယ်ငယ်လေးကတည်း စိတ်ဝင်စားလို့ ရွေးချယ်ခဲ့ပြီး Rap နဲ့ RMB   သီချင်းတွေကို ပိုပြီးကြိုက်နှစ်သက်တယ်လို့ ပြောပါတယ်။ ပရိသတ်တွေ ကလည်း အားပေးကြတယ့် အတွက်ကြောင့် ပိုပြီးတော့လည်း ကြိုးစားနေပါတယ်လို့ ပြောပါတယ်။


“Hello December  သီချင်းထွက်တဲ့အခါမှာလည်း  အားပေးကြတာကို တွေ့ရပါတယ်။  ကိုယ့်ကို ဒီလောက်ထိ အားပေးလိမ့်မယ်လို့ မထင်ထားပါဘူး ။ အခွေတွေထွက်ရင်လည်း အားပေးကြပါ ။ ပြီးတော့ညီမတို့ရဲ့ ကိုယ့်သမိုင်းကိုယ်ရေးကြသူများ (၂) လည်း ၂၀၁၈ခုနှစ် (၁) လပိုင်း (၁၂) ရက်နေ့ရုံတင်တော့မှာပါ ။ လာကြည့်ကြပါလို့  ပြောချင်ပါတယ် ” လို့ သူမကပြောပါတယ်။
By MyanmarCelebrity


#MyanmarCelebrity #PyoneMyaThwe

Related Posts

Scroll to top