ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ရိုက်ကူးထုတ်လုပ်ရေးရုံးခန်း ဖွင့်ပွဲအခမ်းအနား


ပြည်သူများ မျှော်လင့်စောင့်စားနေတဲ့ ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိရုပ်ရှင် ထုတ်လုပ်ပြသနိုင်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ရိုက်ကူးထုတ်လုပ်ရေးရုံးခန်း ဖွင့်ပွဲအခမ်းအနားကို ဇန်န၀ါရီလ ၂၈ရက် က ရန်ကုန် ၊ ကမ္ဘာအေးစေတီလမ်းရှိ ကမ္ဘောဇရိပ်သာ(ချင်းချောင်းနန်းတော်)မှာ ပြုလုပ်ခဲ့ပါတယ်။


ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ရိုက်ကူးထုတ်လုပ်ရေးရုံးခန်း ဖွင့်ပွဲအခမ်းအနားသို့ သာသနာရေးနဲ့ ယဉ်ကျေးမှု ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို က ဦးဆောင်ခဲ့ပြီး အနုပညာရှင်များနှင့်အတူ ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ပါတယ်။



"ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ရိုက်ကူးဖို့ဖြစ်လာတာကတော့ ၂၀၁၁ခုနှစ် ဒီဇင်ဘာလမှာ အမေဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကနေပြီး လွတ်မြောက်လာတဲ့အချိန့် ဂီတ ၊ ရုပ်ရှင် အနုပညာရှင်တွေနဲ့ တွေ့ဆုံပြီး ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဆိုတာ ဖြစ်လာခဲ့တာပါ။ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ရိုက်တယ်ဆိုတာက မြန်မာပြည်ရဲ့ ရုပ်ရှင်သမိုင်းကြောင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် ရိုက်ကူးချင်ပါတယ် ဆိုပြီး အနုပညာရှင်တွေနဲ့ တွေ့ဆုံတဲ့အချိန်မှာပဲ ဒီကားကိုရိုက်ဖို့ တိုင်ပင်ဆွေးနွေးခဲ့ကြတာပဲဖြစ်ပါတယ်။ အဲ့မှာပဲ ဗိုလ်ချုပ်အောင်ဆန်း ဖြစ်မြောက်ရေး ကော်မတီကို ဖွဲ့စည်းခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဖွဲ့စည်းပြီး ၂၀၁၂ ဖေဖော်ဝါရီ (၁၃) မှာ ကော်မတီကို ဖွဲ့ပြီးတော့ ရုပ်ရှင်ရိုက်ဖို့ ကျွန်တော်တို့ကြိုးစားခဲ့ကြပါတယ်။ ကျွန်တော်တို့ ရဲ့ မူလရည်ရွယ်ချက်ကတော့ ၂၀၁၅ ဗိုလ်ချုပ်နှစ်(၁၀၀) ပြည့်မှာ ပြည်သူပြည်သားများချပြပြီးတော့ ရည်ရွယ်ခဲ့တာပါ။ ကျွန်တော်တို့ ဒီနေ့ဒီချိန်မှာတော့ သာသနာရေးဝန်ကြီးဌာန က ဦးစီးပံ့ပိုးကူညီပေးမှုနဲ့ ကျွန်တော်တို့က ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် အတ္တုပတိ ကို အသစ်တစ်ဖန် ပြန်လည် ဖွဲ့စည်းနိုင်ပါပြီ ။ အများပြည်သူတွေမျှော်လင့်နေကြတဲ့ ပေါ်မလာတော့တဲ့  ရုပ်ရှင်လို့ ဝေဖန်ခံရတဲ့ ရုပ်ရှင်ကို မဖြစ်ဖြစ်အောင် ရိုက်ကူးမှာပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်း ကို အလှပဆုံးထင်ဟပ် ပေါ်လွင်စေမယ့် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် နာမည်ကိုတော့ အောင်ဆန်းလို့ ပေးထားပါတယ်။ ဂုဏ်ယူဝင့်ကြွားစွာနဲံ့ပဲ တင်ဆက်သွားမယ်လို့ ပြောချင်ပါတယ်   "  လို့ အတွင်းရေးမှူး (၂) အဖြစ် တာဝန်ယူဆောင်ရွက်မယ့် ဦးလူမင်း ကပြောပါတယ်။















#MyanmarCelebrity #ThuRaUAungKo #LuMin #MinHtinKoKOGyi #NyiHtutKhaung #Melody #AyeMyatThu #NannSuOo #PhyuPwintThaKhin

Related Posts

Scroll to top