အနုပညာအားလုံးမှာ ပါနေတဲ့ ပြာတာ လိုဖြစ်နေပါပြီ - မိုးမိုး


အနုပညာနယ်ပယ်တိုင်း ပါဝင်နေရတော့ ပြာတာ လိုတောင်ဖြစ်နေပြီ ၊ အားလုံးကလည်း လက်ခံတဲ့အတွက်ကြောင့် ပျော်ပါတယ် လို့ အဆိုတော် မိုးမိုး က MC  သို့ပြောပါတယ်။

“ အနုပညာအားလုံးမှာ ပါနေတဲ့ ပြာတာလိုပေါ့ ။ ပြောချင်တာကတော့ အမှိုက်သိမ်းလိုလိုပါ။  Studio တစ်ခုမှာဆိုရင်လည်း အမှိုက်သိမ်းဆိုတာ ရှိကြတာပဲ ။ ရိုက်ကွင်းတစ်ခုမှာလည်း အမှိုက်သိမ်းဆိုတာ ရှိတာပဲ။ ဘောလုံးကွင်း မှာတောင် သီချင်းက ဆိုလိုက်သေးတယ်။ ဒါပေမယ့် ကိုယ် ၀ါသနာပါတဲ့ အလုပ်တစ်ခုကို နယ်ပယ်တိုင်းမှာ လုပ်ရတာဖြစ်တဲ့အတွက်ကြောင့် အားလုံးကလည်း လက်ခံတဲ့ အတွက်ကြောင့် ပျော်ပါတယ်” - မိုးမိုး


 ဂီတလှုပ်ရှားမှုအနေနဲ့ တစ်ကိုယ်တော်ခွေထွက်ရှိဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ “ သီချင်းအသစ်ကတော့  EP အနေနဲ့ ငါးပုဒ် ထွက်မယ်။ ခေါင်းစဉ်ကတော့ ရွေးတုန်းပဲ ။  ကျွန်တော်ကတော့ EP ၊ MiNi အခွေထွက်တာကတော့ ပုံမှန်ရေစီးကြောင်းတစ်ခုလို့ပဲ ထင်ပါတယ်။ "တနင်္ဂနွေမိုးရေစက်များ" နောက်ပိုင်း အတ္တကြီးနေသည် ၊ သက်သေ ဆိုတဲ့ အခွေတွေထွက်တယ်။ အဲ့အခွေထဲမှာဆိုရင် သီချင်း (၁၀) ပုဒ်လောက် သုံးလိုက်ရပေမယ့် ၃ပုဒ်လောက်ပဲ  FeedBack ပြန်လာတာပေါ့ ။ အဲ့တော့ စထုတ်ကတည်းက (၃)ပုဒ်လောက်ပဲဆိုရင် ပိုပြီးတော့ အဆင်ပြေမယ် ” လို့ သူကပြောပါတယ်။



"ကျွန်တော် Cherry For You ဆိုတဲ့ Page ကနေ Funny ဗီဒီယိုအတိုလေးတွေ တတ်မယ်။ တစ်ယောက်နဲ့တစ်ယောက် ဆေးထိုးတာလေးပေါ့ ။ ဦးရိုင်းကို ခေါ်ပြီးတော့ ဘယ်သူ့အကြောင်းပြောမလဲဆို ဌက်ပျောကြော် အကြောင်းပြောမယ်ပေါ့ ။ ဦးရိုင်းကနေပြီးတော့ ဌက်ပျောကြော် အကြောင်းကို ဘောက်ချာဖွင့်တာပေါ့။ ငယ်ကျိုးငယ်နာတွေ ဖွင့်တယ်။ အွန်လိုင်းတင်တဲ့အခါကြတော့ မသင့်တော်တာတွေကြတော့ အစ်ကိုတို့က Edit လုပ်ရတာပေါ့ ။ အဲ့အစီစဉ်လေး က ဖေဖော်ဝါရီလောက် မှာ တင်ဖြစ်မယ်ထင်ပါတယ်။ ကျန်တဲ့ အစီစဉ်တွေကတော့ လုပ်နေတုန်းပဲ"  လို့ လက်တလော အနုပညာလှုပ်ရှားမှုကို မိုးမိုး က ဆက်လက်ပြောပြခဲ့ပါတယ်။


#MyanmarCelebrity #MoeMoe

Related Posts

Scroll to top