သုံးရောင်ခြယ် ရုပ်ရှင်ဇာတ်ကားမှာ ဒရမ်မာလုပ်ခွင့်ရခဲ့ပါတယ် - နေမျိုးအောင်


မကြာမီရုံတင်တော့မယ့် "သုံးရောင်ခြယ်" ရုပ်ရှင်ဇာတ်ကားကြီး မှာ ရွှေသမီး ရဲ့ ဦးလေး၊ အရက်သမားတစ်ယောက်နေရာ က ပါဝင်ထားရပြီး ဒရမ်မာလုပ်ခွင့် တော်တော်များများ ရခဲ့ပါတယ်လို့ သရုပ်ဆောင် နေမျိုးအောင် က MC ကိုပြောပါတယ်။



" သုံးရောင်ခြယ် ရုပ်ရှင်ဇာတ်ကားမှာ အစ်ကို က မ၀ါဝါအောင် ရဲ့ မောင်ပေါ့ ။ ရွှေသမီး ရဲ့ ဦးလေး အရက်သမားကြီး (ရွာကဇော်) နေရာပေါ့ ။ အဲ့လိုနေရာ က ပါဝင်သရုပ်ဆောင်ထားရပါတယ်။ ဒီဇာတ်ကားကို စတီး (ဒွေးမေတ္တာ) က အပင်ပန်းခံပြီး မြ၀တီဘက်မှာ သွားရိုက်ထားတာ ။ အစ်ကိုတို့  မြ၀တီမြို့ပေါ်မှာ တည်းတာ ၊ ရိုက်ကွင်းကြတော့ အဝေးကြီးပဲ သွားရတာပေါ့ ။ ကာရိုက်တာကတော့ တော်တော်ကောင်းပြီး နောက်ဆုံးမှာ ဒရမ်မာလေးလည်း လုပ်ခွင့်အများကြီး ရတယ်ပေါ့။  ပါဝင်တဲ့သရုပ်ဆောင်တွေကတော့  သူ့နေရာနဲ့သူ အံဝင်ဂွင်ကျနဲ့ ကာရိုက်တာလေး အကုန်လုံးကောင်းတယ်။ ဇာတ်ကားကလည်း တော်တော်ကို ရသမြောက်တဲ့ကားလေးပါ ။ အစ်ကိုပါဝင်ရတဲ့ ဇာတ်ကောင်စရိုက် နဲ့ ကာရိုက်တာကိုတော့ အပီပြင်ဆုံး သရုပ်ဆောင်ထားတယ်ပေါ့ ။ ကိုစတီးလည်း လိုအပ်တာလေးတွေဆိုရင် ကြိုပြင်ဆင်ဖို့ အစ်ကို့ကို ပြောတဲ့အတွက်ကြောင့် ပြင်ဆင်ချိန်တွေလည်း အများကြီးရပါတယ်။ အားရမှုရှိလားဆိုရင်တော့ အကောင်းဆုံး အနုပညာနဲ့ကြိုးစားထားပါတယ်။ ကိုခန့်စည်သူ ၊ မင်းမော်ကွန်း ၊ အိချောပို  ၊  ရွှေသမီး သရုပ်ဆောင်တွေ ကတော်တော်ကို အင်အားကောင်းပါတယ်။ ဒီကားကို ကိုစတီး (ဒွေးမေတ္တာ) က လည်း ကြိုးစားပမ်းစားကို အနုပညာပြောင်မြောက်အောင် ရိုက်ထားတဲ့ ဇာတ်ကားတစ်ကားပါ ။ ပေးချင်တဲ့ မက်ဆေ့ကိုလည်း ပရိသတ်တွေ အွန်လိုင်းပေါ်ကနေ ကြည့်ပြီးလောက်ပြီ ထင်ပါတယ် ။ လာရောက်အားပေးကြပါဦးလို့ ဖိတ်ခေါ်ချင်ပါတယ်   ”- နေမျိုးအောင်
By MyanmarCelebrity






#MyanmarCelebrity #NayMyoAung

Related Posts

Scroll to top