ကိုယ်ဝန်က (၂)လရှိပြီ ၊ အရမ်းပျော်နေပါတယ် - မြင့်မြတ်


ရင်သွေးလေးရပြီဆိုတော့ အရမ်းပျော်တယ် ၊ လောလောဆယ်တော့ ကိုယ်ဝန် (၂)လရှိနေပြီ ၊ ကလေးက နှလုံးခုန်စ ပဲရှိသေးတော့ ယောကျားင်္လေး ၊ မိန်းကလေး ခွဲလို့တော့ မရသေးပါဘူး လို့ သရုပ်ဆောင် မြင့်မြတ် က MC သို့ပြောပါတယ်။


“အရင်တုန်းကဆိုရင် ကျွန်တော့်ကို ကလေးမရသေးဘူးလား မေးကြပါတယ်။ လောလောဆယ်တော့ (၂) လရှိပါပြီ။ ကလေးက အခုမှ နှလုံးစခုန်ခါစပဲ ရှိနေပါသေးတယ်။ ယောကျားင်္လေးလား ၊ မိန်းကလေးလားတော့ မသိသေးဘူး ။ အရမ်းပျော်တယ်။ ပြောပြရင်တော့ ပေါ့သွားမယ်။ ကိုယ်လည်း ကြုံမှပဲ ပိုသိရမှာပါ။ ကျွန်တော်ကတော့ ယောကျားင်္လေး လိုချင်တာ။ သား ၊ သမီး ဆိုတော့လည်း ဘာပဲရရပါ။ လောလောဆယ်တော့ ဆရာဝန်ညွှန်ကြားထားတဲ့အတိုင်းပဲ မိခင်ကို ဂရုစိုက်နေရတာပေါ့ ။ သူကကြတော့ မိန်းကလေးလိုချင်တာ ၊ ကျွန်တော်ကကြတော့ ယောကျားင်္လေးလိုချင်တာဗျ။ မတူဘူးပေါ့နော်။ ဒါပေမယ့် ကိုယ့် သား၊ သမီးဖြစ်လာမှာဆိုတာ့ ဘာပဲဖြစ်ဖြစ် ချစ်ရမှာပါပဲ ။ လောလောဆယ်တော့ အရမ်းပျော်တယ် ။ ကိုယ့်မိဘတွေကိုလည်း ပိုပြီးတော့ ကျေးဇူးတင်မိတယ်။ အဓိကကတော့ လူ့လောကထဲကို ရောက်လာတော့မှ သားသမီးကို ဂရုစိုက်ရမှာပေါ့ ။ ကျွန်တော်တို့ လင်မယားနှစ်ယောက် စဉ်းစား ၊ တိုင်ပင်ထားတာကတော့ နှစ်ယောက်ယူဖို့ပါ ။ ယောကျားင်္လေး တစ်ယောက် ၊ မိန်းကလေးတစ်ယောက် ယူဖို့များတယ်။ ကျွန်တော်တို့ သရုပ်ဆောင်ရတာတော့ ကာရိုက်တာကိုသရုပ်ဆောင်ရတာလေ။ အပြင်မှာတော့မတူပါဘူး။ ပရိသတ်တွေကလည်း ရစေချင်ကြတယ်လေ။ သူတို့ဆန္ဒရှိတဲ့အတိုင်း ရင်သွေးလေးရပြီ လို့ပြောချင်ပါတယ်။ သိတာကတော့ နေမကောင်းအရမ်းဖြစ်တဲ့အချိန် ဆရာဝန်ပင့်ပြီးပြတော့မှ သိရတာ ” - မြင့်မြတ် 
By MyanmarCelebrity







#MyanmarCelebrity #MyintMyat #KhinThuThuAung

Related Posts

Scroll to top