"ဆွဲစားတဲ့ ပွဲစား" ဗီဒီယိုဇာတ်ကား ရိုက်နေတဲ့ ခန့်စည်သူ နဲ့ နန်းထိပ်ထားစံ


"ဆွဲစားတဲ့ ပွဲစား" ဗီဒီယိုဇာတ်ကားကို ဇန်န၀ါရီလ (၁၁) ရက်နေ့ က ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ရှုတင်အိမ်မှာ ရိုက်ကူးခဲ့ပါတယ်။ ဒီဇာတ်ကားကို ဒါရိုက်တာ စွမ်းပိုင် က ရိုက်ကူးပုံဖော်နေပြီး သရုပ်ဆောင် ခန့်စည်သူ၊ နေလရောင်၊ ရတနာဖြူဖြူအောင်၊ နန်းထိပ်ထားစံ နှင့် အနုပညာရှင်များစွာ ပါဝင်ထားပါတယ်။



အခုရိုက်တာကတော့  ဟာသဇာတ်ကားလေးပါပဲ ။ ဘယ်လောက်ထိ ကျော်လဲ ၊ ခွလဲဆိုရင် ကိုယ့်ညီမကိုယ်တောင် ပွဲစားပြန်လုပ်တဲ့ ကာရိုက်တာပါ။ နောက်ဆုံးအိမ်ရှေ့ မှာ  ခွေးလေးတွေ လာမွေးတာကိုလည်း ပြန်ရောင်းစားတာပေါ့ ။ ကွက်ကျော် ဟာသလေးပါပဲ ။ ဗီဒီယိုဆိုတော့လည်း ပေါ့ပေါ့းပါးပါးပဲ ။ ရှေ့မှာလည်း ရိုက်ဘူးတယ်။ ပွဲစားတိုင်းလည်း လည်ကြတာမဟုတ်ပါဘူး။ တစ်ချို့ အ တဲ့သူတွေလည်းရှိသလို ၊ တစ်ချို့ အမှန်တိုင်း လုပ်ကြတဲ့ သူတွေလည်းရှိပါတယ် ” လို့ ခန့်စည်သူက MC သို့ပြောပါတယ်။ 












Related Posts

Scroll to top