သဲက အချစ်ကြီးတယ် ၊ မိန်းကလေးတိုင်း ဒီလိုပဲထင်ပါတယ် - ရွှေမှုန်ရတီ


 အချစ်နဲ့ပက်သက်လာရင်တော့ သဲ ကအချစ်ကြီးတဲ့သူတစ်ယောက်ပါ ၊ မိန်းကလေးတော်တော်များများလည်း သဲ လိုပဲထင်ပါတယ်လို့ သရုပ်ဆောင် ရွှေမှုန်ရတီ က MC သို့ပြောပါတယ်။

“ ငယ်ကျွန်ထဲက စကားတစ်ခွန်းကတော့ ကိုယ်နဲ့ အရမ်းတူတယ်။ အသက်ထပ်ပိုချစ်တယ် ဆိုတာက သဲရဲ့ ခံယူချက်နဲ့တူတယ်ပေါ့လေ။ အဲ့တာကြောင့် သဲအဲ့စကားလေးကိုတော့ လေးလေးနက်နက် နဲ့ပြောခဲ့တာပေါ့နော်။ သရုပ်ဆောင်နေတယ်ဆိုပေမယ့် ဘုရားရှေ့မှာတော့ လိမ်လို့ မရဘူးလေ။ လေးလေးနက်နက်နဲ့ တစ်ကယ်ကို ရင်ထဲပါလို့ ပြောခဲ့တာပါ။ အချစ်ကတော့ အရမ်းကြီးတယ်ပေါ့နော်။ မိန်းကလေးတွေ တော်တော်များများကတော့ အချစ်ကြီးတာပါပဲ။ ဒါပေမယ့် ညီမလည်း မိန်းကလေးတွေထဲက မိန်းကလေး တစ်ယောက် ဆိုတော့ ပိုဆိုးတာပေါ့နော်။ မောင်ဆိုပြီး ခေါ်တာက ဒီဇာတ်ကားအရပါ။ ဒါရိုက်တာခေါ်ခိုင်းလို့ ကိုယ်နဲ့ဘာမှမဆိုင်ပါဘူး ” - ရွှေမှုန်ရတီ





သရုပ်ဆောင် ရွှေမှုန်ရတီ က ရွှေထူး ၊ Beauty Blogger နေခြည်ဦး တို့နှင့်အတူ ရုပ်ရှင်ဇာတ်ကား ရိုက်ဖို့လက်ခံထားတယ်လို့ သိရပါတယ်။ “ ပက်ပက်စက်စက်ညှို့မှာလည်း ညီမ ကြည့်ဖြစ်ပါတယ်။ သူလည်း အရမ်းလည်းတော်ပါတယ်။ အဲ့တာကြောင့်လည်း ညီမလည်း ရိုက်ဖြစ်ပါတယ်။ အစ်မ (နေခြည်ဦး ) ကလည်း အရမ်းချစ်ဖို့ကောင်းပါတယ်။ ညီမနဲ့လည်း အရမ်းခင်ပါတယ်။ အားလည်းအားပေးသလို ချစ်လည်း ချစ်ပေးကြတဲ့အတွက်ကြောင့် အရမ်းလည်း ကျေးဇူးတင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ညီမသိသလောက် တတ်သလောက်တော့ Share ပေးသွားမှာပါ။ ဒါပေမယ့် ဒါရိုက်တာ လည်း ရှိနေတော့ စိတ်ပူစရာတော့ မရှိပါဘူး ” လို့ သူမကပြောပါတယ်။





#MyanmarCelebrity #ShweMhoneYaTi

Related Posts

Scroll to top