ဒုတိယကိုယ်ဝန် (၅)လရှိပြီ ၊ မေလ ထဲမှာ မွေးမှာပါ - ဆုန်သင်းပါရ်


ရင်သွေးလွယ်ထားတာ (၅) လလောက်ရှိပါပြီ ၊ ကျန်းကျန်းမာမာနဲ့ ကောင်းကောင်းမွန်မွန် အနားယူပါတယ်၊ မေလထဲမှာ မွေးဖွားမှာပါလို့ အဆိုတော် ဆုန်သင်းပါရ် က MC သို့ပြောပါတယ်။

“ဒုတိယကိုယ်ဝန်ကတော့ (၅) လရှိပါပြီ ။ မေလလောက်တော့ မွေးမှာပါ။ ပထမကတော့ သားပေါ့။ အခု ကလေးလေးကတော့  ယောကျားင်္လား ၊ မိန်းမလား မသိသေးဘူး ။ မဆုန်သင်း က အိမ်ထောင်ကျကတည်းက ဘာပဲပြောပြော မိသားစုတစ်ခု ရှိလာပြီဆိုရင် ပထမဦးဆုံး ကလေးကိုတော့ အရင်ဆုံးလိုချင်တာပေါ့။ ကလေးဆိုရင်လည်း အများဆုံး (၃)ယောက် ၊ အနည်းဆုံး (၂) ယောက်တော့ လိုချင်တယ်။ အခုတော့ (၂)ယောက်မြောက်တော့ရပြီ။ (၃)ယောက်မြောက်ကတော့ ဘုရားပေးရင်ပေးသလိုပေါ့။ ကိုယ်လည်း အသက်အရွယ်မှီရင်လည်း ယူချင်သေးတယ်။ တစ်ကယ်လို့များ မရခဲ့သည်ရှိသော်လည်း ယောကျားင်္လေး တစ်ယောက် ၊ မိန်းကလေးတစ်ယောက် လောက်တော့ လိုချင်ပါတယ်။ ပထမသားလေးကတော့ မူကြိုတတ်နေပါပြီ ” - ဆုန်သင်းပါရ်
By MyanmarCelebrity



 အဆိုတော် ဆုန်သင်းပါရ် က ဒုတိယကိုယ်ဝန် နဲ့ ဖေဖော်ဝါရီလထဲမှာ  The Power Of 4  ဂီတဖျော်ဖြေပွဲမှာ သီဆိုမှာဖြစ်ပါတယ်။ “အရင်ကိုယ်ဝန်တုန်းလည်း (၇)လလောက်ထိ ပြည်ပဖျော်ဖြေပွဲတွေ ဆိုနေတုန်းပါပဲ ။ ဒီတစ်ခါလည်း မှတ်မှတ်ရရ ဗိုက်ကြီးသည်နဲ့ စင်ပေါ်ပြန်တတ်ရတာပေါ့။ မှတ်မှတ်ရရ ဗိုက်နဲ့ဆိုတော့ အမှတ်တရဖြစ်မှာပါ။ ကျန်းမာရေးတော့ ထွေထူးပြင်ဆင်တာမရှိဘူး။ ကျန်းကျန်းမာမာနဲ့ ကောင်းကောင်းမွန်မွန် စားတယ်။ အားတဲ့ချိန်တွေမှာလည်း ပြည့်ပြည့်၀၀ အနားယူတယ် ” လို့သူမကပြောပါတယ်။







#MyanmarCelebrity #SoneThinnPar

Related Posts

Scroll to top