ရှေ့နေ ဆုံးဖြတ်တဲ့အတိုင်း သိန်း(၅)ထောင် လျော်ကြေးတောင်းတာပါ - ရွှေအိမ်စည်


အလှမယ်ရွှေအိမ်စည် က သိန်းငါးထောင် လျော်ကြေးတောင်းတဲ့ ပမာဏ နဲ့ ပက်သက်ပြီး ရှေ့နေရဲ့ ဆုံးဖြတ်ချက်ချတဲ့အတိုင်း လုပ်တာပါလို့  MC သို့ပြောပါတယ်။


“လျော်ကြေးငွေတောင်းတာ များတယ်လို့ ထင်တဲ့သူကတော့ ထင်မှာပဲ ၊ နည်းတယ်လို့ ထင်တဲ့သူကလည်း ထင်မှာပဲ ။ အိမ်စည်ကတော့ ရှေ့နေဆုံးဖြတ်ချက်ချတဲ့ အတိုင်းပဲသွားတာ။ အိမ့်စည် ဘက်ကတော့ ဘာမှပြောစရာမရှိပါဘူး။ လျော်ကြေး ကိစ္စကတော့ ရှေ့နေနဲ့တိုင်ပင်ပြီး ဥပဒေအရ ဆက်ပြီးလုပ်နေတုန်းပါပဲ ။ အခုချိန်မှာတော့ ဘာမှ Reply မလာတဲ့ အတွက်ကြောင့် အိမ်စည်တို့ဘက်က တတိယအဆင့်ပေါ့။ အခုချိန်မှာ ဇာတ်ကားရိုက်တာ နဲ့ အမှုရင်ဆိုင်နေရတာ နဲ့ ဆိုတော့ ပရိသတ်တွေက ဘယ်ဟာကို အာရုံစိုက်ရမှန်းကို မသိဘူးဖြစ်နေတာပေါ့ ။ အိမ့်စည့် အနေနဲ့ ပြောချင်တာက ဒီအမှုကိစ္စဆိုတာကလည်း အကြာကြီးသွားမှာပါ ။ အဲ့အကြာကြီး အတောအတွင်းမှာ အိမ့်စည် အနေနဲ့ အနုပညာအလုပ်တွေကို မထိခိုက်စေချင်ဘူး။ အိမ်စည်လည်း ခေါင်းထဲကနေပြီးတော့ တတ်နိုင်သလောက် ထုတ်ထားတယ်။ ရှေ့နေကိုပဲ လွှဲထားပြီးတော့ ကိုယ်လုပ်စရာရှိမှပဲ လုပ်လိုက်တယ်။ သူများကို ဒုက္ခပေးပြီး ထိုင်လုပ်နေတာလည်း မဟုတ်ပါဘူး။ အချိန်တန်ရင်တော့ သိမှာပါ ။ အဲ့တာကြောင့် အခုချိန်မှာတော့ အနုပညာဘက်မှာပဲ အာရုံစိုက်ပေးဖို့ ပြောချင်ပါတယ် ” - ရွှေအိမ်စည်


လက်ရှိမှာတော့ လူကြီးလူကောင်းများ ရုပ်ရှင်ဇာတ်ကားကို သရုပ်ဆောင် လွင်မိုး ၊ လူမင်း ၊ ပြေတီဦး၊ နေတိုး၊ စိုးမြတ်သူဇာတို့နှင့်အတူတူ  ရိုက်ကူးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ 


Miss Grand International 2017 အလှမယ် ပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားခဲ့သည့် အလှမယ် ရွှေအိမ်စည် အား စည်းမျဉ်းစည်းကမ်းများ လိုက်နာခဲ့မှု မရှိသည့်အတွက် စေလွှတ်ယှဉ်ပြိုင်စေမယ့် အစီအစဉ်ကို Miss Universe Myanmar Organization မှ အောက်တိုဘာလ (၁) ရက်နေ့တွင် ရပ်ဆိုင်းလိုက်ကြောင်း ကြေငြာချက် ထုတ်ပြန်ခဲ့တာပဲ ဖြစ်ပါတယ်။
By MyanmarCelebrity







#MyanmarCelebrity #ShweEainSi

Related Posts

Scroll to top