နှစ်ပေါင်း(၁၀၀)ကျော် ဘိုးစဉ်ဘောင်ဆက် ထိန်းသိမ်းခဲ့တဲ့ ဇင်ဇင်ဇော်မြင့်တို့ မိသားစုအိမ်ကြီး


ဗြိတိသျှကိုလိုနီခေတ် ဘုရင်ခံလက်ထပ်ကတည်းက တည်ရှိခဲ့ပြီး နှစ်ပေါင်း (၁၀၀)ကျော် ကြာမြင့်နေပြီဖြစ်သော ဘိုးစဉ်ဘောင်ဆက်အိမ်ကြီး ကို ဇင်ဇင်ဇော်မြင့် မိသားစု က လက်ရှိအချိန်မှာ ထိန်းသိန်းပြီး နေထိုင် နေကြတာပဲဖြစ်ပါတယ်။ ဒီအိမ်ကြီးက ဇင်ဇင်ဇော်မြင့် ရဲ့ အမျိုးသားဖြစ်သူ အဘိုး " ဆာ"  ဦးဖိုးသာ ရဲ့ အိမ်ဖြစ်တယ်လို့ သိရပါတယ် ။  နှစ်ပေါင်း (၁၀၀) ကျော်တည်ရှိခဲ့တဲ့ အိမ်ကြီးကို ယနေ့အထိ လက်ရာမပျက် ထိန်းသိမ်းထားကြသလို ဘုရင်ခံလက်ထပ်က အသုံးအဆောင်တွေလည်း သိမ်းဆည်းထားရှိတယ်လို့ ဇင်ဇင်ဇော်မြင့်က ပြောပြပါတယ်။



“ အဘိုးကတော့ ဘုရားတွေအများကြီးတည်တယ် ။ ကျောင်းဆောက်ပေးတယ်။ ကလေးတွေ အများကြီးကိုကျောင်းထားပေးတယ်။ သူတို့ခေတ်ကဆိုရင် သေခါနီး မရှိဆင်းရဲသားတွေကို ထမင်းတွေ အများကြီးကျွေးခဲ့တယ်။ သူ့အိမ်ရှေ့မှာ ထမင်းတွေအများကြီးချက်တယ်။ မရှိဆင်းရဲသားတွေက လာပြီးတော့ စားကြတယ်။ သူသေခါနီးသတိမေ့နေတဲ့အချိန်မှာတောင် သူအိပ်နေပေမယ့် ၊ လာတောင်းတော့ ။သူတစ်ပည့်တွေကလည်း စိတ်ဆင်းရဲနေကြတော့ ဘာမှမချက်နိုင်ဘူး။ အဲ့ချိန်မှာ သူကထပြီးတော့ ထမင်းကျွေးလိုက်ကြဦးဆိုပြီး ပြောပြီးတော့ ပြန်အိပ်ပျော်သွားတယ်။ သေခါနီးအချိန်ထိတောင် အဘိုးကကုသိုလ်ကောင်းမှုလုပ်ပြီးတော့ သေတာပါ။ ခြံထဲမှာဆိုရင် အငြိမ့်တွေလုပ်ပြီးတော့ ရှိတဲ့သူရော ၊ မရှိတဲ့သူရော ပြတယ်။ ဆင်းရဲသားတွေကိုလည်း ရွှေဒင်္ဂါးတွေပေးတယ်။ ကုသိုလ်ကောင်းမှုတွေလုပ်ခဲ့ပါတယ်။ အင်းစိန်ဆေးရုံကြီးမှာလည်း အဆောက်အဦးဆောက်ပြီးလှူခဲ့ပါတယ်။ အဲ့နောက်မှာ ၀န်ထမ်းတွေနေပါတယ်။ နောက်ပြီးတော့ ရွှေတိဂုံဘုရားကြီးအပေါ် ဖိနပ်နဲ့တတ်ကြတော့ လူတွေအားလုံးက သပိတတ်မှောက်တယ်။ ပြောတယ်။ အဲ့အချိန်မှာ အဘိုးက ဘုရင်ခံ က အဘိုးနဲ့အငြိမ့်ပွဲလာတော့ ဘာဖြစ်လို့ဝတ်စုံအပြည့်နဲ့လာတာလဲပေါ့ ။ အဲ့အချိန်မှာ မင်းတို့ကိုလေးစားလို့ပေါ့လို့ ပြန်ပြောတာပေါ့ ။ ငါတို့ကိုလေးစားရင် ငါတို့မြတ်နိုးတန်ဖိုးထားတဲ့ ရွှေတိဂုံဘုရားကြီးပေါ်ကို စစ်ဗိုလ်၊ စစ်သားတွေ ဖိနပ်နဲ့တတ်တယ်။ မလေးမစားနဲ့လုပ်တာကို ပြောပေးပါဦးပေါ့ ။ အဲ့တာနဲ့ အဘိုးကိုယ်တိုင်ပြောပြီးတော့ မလုပ်ပါနဲ့ပြောပေးပါဆိုပြီးတော့ ပြောတာပေါ့ ။ အဲ့လို အဘိုးစပြီးတော့ ပြောကတည်းက ဘယ်သူမှ ဖိနပ်နဲ့ တတ်ခွင့်လည်းမရှိတော့ပါဘူး ” လို့ ဇင်ဇင်ဇော်မြင့် အမျိုးသား က MC သို့ပြောပြပါတယ်



“ နှစ်ပေါင်း (၁၀၀) ကျော်ပြီ ကျွန်းပွတ်လုံးတွေကအစပေါ့ ။ ပန်းကန်တွေဆိုရင်လည်း နှစ်ပေါင်းတော်တော်ကြာနေပြီ ဘုရင်ခံလက်ထပ်ကတည်းကဆိုတော့လေ။ ဒီပန်းကန်တွေကကြတော့ ဟိုးနှစ်ပေါင်းများစွာကတည်းက ဘုရင်ခံရဲ့ နာမည်လေ။ ဒါတွေကိုထိန်းသိမ်းထားတာပေါ့ ။ တစ်ခုခုဖြစ်သွားရင် ပြန်မရနိုင်တော့တဲ့ ပစ္စည်းတွေလေ။ အထဲမှာတော့ ကလေးတွေကြိုက်တဲ့ ပုံစံကို နည်းနည်းလေးတော့ ပြောင်းထားတာရှိတယ်။ အပြင်ကဒီဇိုင်းတွေကတော့ လုံးဝမပြောင်းဘူးပေါ့လေ။ နဂိုကတည်းကရှေးဟောင်းလက်ရာကို ပျက်သွားမှာစိုးလို့ ပြန်ပြီးတော့ မပြင်ထားပါဘူး ” လို့ ဇင်ဇင်ဇော်မြင့် က MC ကိုပြောပါတယ်။
















#MyanmarCelebrity #ZinZinZawMyint #OldHome

Related Posts

Scroll to top