ကိုယ်ဝန်ရပြီဆိုတော့ မိန်းမကို ဂရုစိုက်တစ်စိုက် နေဖို့ပြောနေရတယ် - ဖော်ကာ


ရင်သွေးလေး က (၁၀) ပတ်ရှိနေပြီ ၊  ကိုယ်ဝန်လွယ်ထားရပြီဖြစ်လို့ အမျိုးသမီးကို ဂရုတစ်စိုက်နေထိုင်ဖို့ အမြဲတမ်းပြောနေရပါတယ်လို့ အဆိုတော် ဖော်ကာ က MC သို့ပြောပါတယ်

“ မိန်းမရသွားပြီ။ အခုကလေးလည်း ရပါတော့မယ်။ ကလေးရပြီဆိုတော့ မှ ငါမိန်းမရပြီဆိုတာကို ခံစားလိုက်ရတာပေါ့  ။ ရင်သွေးလေးအပေါ်တော့ ခံစားချက်ရှိတာပေါ့ ။ အစတည်းက ကလေးယူဖို့ ပြောထားတာ။ အခုတော့ မိန်းမကို ကိုယ့်စကားနားထောင်ခိုင်းထားတယ်။ သူကတော့ ပွစိပွစိနဲ့ ။ လက်ဖက်ရည် သောက်တာကအစ ကျွန်တော်က ဂရုစိုက်ဖို့ ပြောနေရတာပေါ့။ ကလေးတော့ လုံးဝ အထိအခိုက်မခံနိုင်ဘူး ။ ရင်သွေးလေးကတော့ ဘာလဲမသိရသေးဘူး။ (၁၀) ပါတ်ပဲရှိသေးတာဆိုတော့လေ ”- ဖော်ကာ



Wanted အဖွဲ့အနေနဲ့ ဖေဖော်ဝါရီလ (၁၈) ရက်နေ့ ကန်တော်ကြီး ၊ မျှော်စင်ကျွန်း မှာ တစ်ကိုယ်တော်ဖျော်ဖြေပွဲလုပ်ဖို့ ရှိတယ်လို့ ပြောပါတယ်။ လတ်တလော ရန်ကုန်ရှိုးတွေထက်  နယ်ရှိုးတွေပိုဆိုဖြစ်နေတယ်လို့ သိရပါတယ်။

“ ရန်ကုန်ပွဲတွေ တော်တော်မဆိုဖြစ်သလိုဖြစ်သွားတယ် ။ နယ်ပွဲတွေပဲဆိုဖြစ်တာများတယ်။ ရန်ကုန်မှာဆိုတော့လေ တစ်ချို့ပွဲတွေက အားရပါးရဆိုလို့ မရဘူး။ သုံးပုဒ် လောက်ပဲဆိုရတာ ။ အနုပညာကြေး တူတူပဲ။ ကျွန်တော်လည်း ၀အောင် မဆိုရဘူး။ အကုန်လုံးကို လာကြည့်တဲ့သူတွေကတော့ ဘာမှမဖြစ်ဘူးလေ။ ကိုယ်နားထောင်ချင်တာကို ၀အောင်နားမထောင်ရတော့ ပရိသတ်တွေကလည်း အစ်ကို သီချင်းနည်းတယ်ပေါ့  ။ အဲ့လိုကြ စိတ်မကောင်းဘူး။ ဟိုဘက်မကောင်း ဒီဘက်မကောင်းကြတော့ ကျွန်တော် သိပ်မဆိုဖြစ်ဘူး။ အားရပါးရ ဆိုတဲ့ဟာမျိုးမှ ကျွန်တော်က ဆိုချင်တာ။ ၈ပုဒ်လောက်တော့ ဆိုရမှ ၊ ပွဲလေးတွေ အဲ့ကြောင့်မပါဖြစ်တာ ” လို့ သူကပြောပါတယ်။
By MyanmarCelebrity








#MyanmarCelebrity

Related Posts

Scroll to top