ကိုငြိမ်းမောင် မျက်နှာချေကြော်ငြာ ဇာတ်လမ်းက ကိုယ်တိုင်ရေးတာပါ - နီနီခင်ဇော်


စနေ ၊ တနင်္ဂနွေ ဆိုရင်  MRTV ကလာတဲ့ ဇာတ်လမ်းတွေကြည့်ပြီး ကိုငြိမ်းမောင် မျက်နှာချေကြော်ငြာကို ကိုယ်တိုင်ရေးတာပါ၊ သရုပ်ဆောင်တာ ခက်ခဲလို့ အမှားပါရင် ခွင့်လွှတ်ပေးကြပါလို့ အဆိုတော် နီနီခင်ဇော် က  MC သို့ပြောပါတယ်။

 “ ကိုငြိမ်းမောင် နဲ့ တတိယပိုင်းလည်း ရိုက်ပါမယ် ။ ပရိသတ်က ထပ်တောင်းဆိုရင်တော့ ထပ်ပြီးတော့ ရိုက်ပါမယ် ။ နီနီအတွက် သရုပ်ဆောင်က ခက်ခဲတဲ့အတွက်ကြောင့် အမှားယွင်းတွေ ပါရင်လည်း ခွင့်လွှတ်ကြပါလို့ ပြောချင်ပါတယ်။ Story ကတော့ ကိုယ့်ဘာသာပဲရေးတာ။ စနေ၊ တနင်္ဂနွေဆိုရင် နီနီက MRTV ကလာတဲ့ ဇာတ်လမ်းလေးတွေ ကြည့်ဖြစ်တယ် ၊ အဲ့တာကို စိတ်ကူးယဉ်ပြီးတော့ ရေးတာပါ။ နီနီ ဒုတိယပိုင်းကြေငြာ ဆိုရင် ခင်ရေ မောင်ငြိမ်းမောင်လာတယ် ဆိုတာက နီနီ့ အမေရဲ့အသံပါ။ မိသားစု အမှတ်တရလေးဖြစ်အောင် ထည့်ထားတာ ။ နီနီ " U  " အယ်ဘန်ထဲက သီချင်းတွေကို MTV ရိုက်ပါမယ်။ ပြီးတော့ Single သီချင်းလေးတွေလည်း ထွက်ဖို့စီစဉ်ထားပါတယ်  ” -  နီနီခင်ဇော်




လတ်တလော အနုပညာလှုပ်ရှားမှုအနေနဲ့ နယ်ရှိုးတွေ တောက်လျောက်ဆိုဖြစ်နေတယ်လို့ သိရပါတယ်။ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို April လမှာ ပြုလုပ်မှာဖြစ်ပြီး နေရာ နဲ့ ရက် ကို အတိအကျဖြစ်ရင် ပရိသတ်ကို အသိပေးမှာပါလို့ နီနီ ကပြောပါတယ်။

“ နီနီရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲလဲ စမှာဖြစ်တဲ့အတွက်ကြောင့် သီချင်းတွေတိုက်နေပါပြီ။ Apirl မှာလုပ်ဖြစ်ပါမယ်။ သင်္ကြန်မပြီးခင်ပေါ့နော်။ ပရိသတ်ကို သေချာရင် နီနီပြောပြမှာပါ ။ ရက်ကတော့ အတိအကျ ဖြစ်နေပြီဆိုပေမယ့် နေရာကတော့ မသေချာသေးတဲ့အတွက်ကြောင့် ရက်က အတိုးအလျော့ရှိမယ်။ ထုံးစံအတိုင်း တစ်နှစ်ကိုတစ်ခါ Theme တစ်ခုနဲ့သွားနေတာဆိုတော့ ဒီနှစ်ကတော့ သီချင်းတွေကို ခေတ်ဟောင်းပုံစံပြန်ပြီးတော့ လုပ်ထားပါတယ်။ ပရိသတ်တွေလည်း ကြိုက်ပါလိမ့်မယ် ” လို့ သူမကပြောပါတယ်။
By MyanmarCelebrity







#MyanmarCelebrity #NiNiKhinZaw
Photo Credit - NiNiKhinZaw FaceBook

Related Posts

Scroll to top