ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ထောက်ခံပွဲ အနုပညာရှင်များပါဝင်


ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ရာစုပင်လုံ) ကြိုဆိုထောက်ခံပွဲ အထိမ်းအမှတ် အနေဖြင့် "ချစ်ကြပါ အမုန်းများရပ်" ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲ နှင့် ဖျော်ဖြေပွဲ သရုပ်ပြပွဲများကို ဇန်န၀ါရီလ (၂၇) ရက်နေ့က ရန်ကုန် ၊ သုဝဏ္ဏအားကစားကွင်းမှာ ပြုလုပ်ခဲ့ပါတယ်။




ဒီပွဲမှာ  လူမင်း ၊ သူထူးစံ ၊ လင်းလင်း ၊ မိုးယံဇွန် ၊ ကျော်ကျော် ၊ စောဖိုးခွား ၊ ခိုင်နှင်းဝေ ၊ စုမြတ်နိုးဦး ၊ ရွှေစင် နှင့်အတူ အနုပညာရှင်များစွာ ပါဝင်ခဲ့ကြပါတယ်။ 

" အစ်မတို့ ပြည်သူပြည်သားတစ်ယောက် အနေနဲ့ရော  အနုပညာရှင်တစ်ယောက် အနေနဲ့ ပါဝင်လက်တွဲချင်တာကြောင့်ပါ။ အစ်မကတော့ ငြိမ်းချမ်းရေး အလံကိုင်ပြီး တေးသရုပ်ဖော်လုပ်ပေးရမှာပါ။ ဒါမျိုးတွေလုပ်သင့်လုပ်ထိုက်တဲ့ ပွဲဖြစ်ပါတာယ်။ ငြိမ်းချမ်းရေးကိုလည်း လိုလားတယ်" လို့ သရုပ်ဆောင် ခိုင်နှင်းဝေ က ပြောပါတယ်။















#MyanmarCelebrity #LuMin #ThuHtooSan #MoeYanZon #LinLin #SawPhoKhwar #KhineHninWai #ShweSin #SuMyatNoOO

Related Posts

Scroll to top