iflix နှင့် လက်တွဲလိုက်တဲ့ သရုပ်ဆောင် ဖွေးဖွေး


သရုပ်ဆောင် ဖွေးဖွေး နှင့် iflix တို့အတူလက်တွဲမည့်အကြောင်း စာနယ်ဇင်းမိတ်ဆက်ပွဲဖြစ်တဲ့ "Phway Phway Celebrity Partner Launch" ပွဲကို ဇန်န၀ါရီလ (၂၈) ရက်နေ့ က ရန်ကုန် ၊  Junction City မှာကျင်းပပြုလုပ်ခဲ့ပါတယ်။

“ဖွေးကိုယ်တိုင်လည်း အရမ်းရင်ခုန်တယ်ပေါ့နော်။ ပါတနာဖြစ်သွားတာကိုလည်း ဖွေးပြောပြပါမယ်။ လွန်ခဲ့တဲ့ (၄) နှစ် ၊ (၅) နှစ်လောက်ကတော့ ဖွေးတွေ့ဘူးတယ်။ အွန်လိုင်းမှာ တရားမ၀င် ရုပ်ရှင်တတ်လာတာတွေ ၊ ခိုးကူးခွေတွေ ထွက်လာတာတွေပေါ့ ။ ပရိုဂျူဆာတွေဘက်ကလည်း အရမ်းနစ်နာတယ်လေ။ ဒါပေမယ့် TV Channel တွေကတော့ ၀ယ်ပြီးတော့ ပြကြပါတယ်။ အခု iflix ပေါ်လာပြီဆိုတော့ နိုင်ငံခြားကားတွေရော ၊ မြန်မာရုပ်ရှင်ဇာတ်ကားတွေရော ၊ TV Series တွေကိုလည်း တရားဝင် ၀ယ်ပြီးတော့ ပြန်ပြတာပေါ့။ အဲ့အတွက် ဖွေးက လူပိုပြီးတော့သိအောင် ၊ ပိုကြည့်အောင်လို့ Promote လုပ်မှာပါ။ သူက လစဉ်ကြေးဆိုရင် ၃ထောင်ပါ။ ဖွေးသူငယ်ချင်းတွေ နိုင်ငံခြားမှာကြည့်ရင် ဖွေးဇာတ်ကားတွေက YuTube ကကြည့်မယ်ဆိုရင် ၀ါးတယ်လေ။ တရားဝင်မဟုတ်တော့လေ။ မြန်မာမင်းသမီး၊ မင်းသား ဇာတ်ကားတွေကို တရားဝင်ဝယ်ပြီးတော့ တန်ဖိုးထားပြီးတော့ ပြမှာပါ ”  လို့ သရုပ်ဆောင် ဖွေးဖွေး က MC သို့ပြောပါတယ် ။



















#MyanmarCelebrity #iflix#PhwayPhway

Related Posts

Scroll to top