Music တစ်ခုကို ပေါ့ပေါ့ဆဆမလုပ်ဘူး ၊ အကောင်းဆုံးကြိုးစားတယ် - အောင်ထက်


ပြန်ဆိုတေး သီဆိုတဲ့အခါ မူရင်းအဆိုတော်လောက် မှ ကောင်းရင်ကောင်းမယ် ၊ ကိုယ့်ပုံစံလေးတစ်ခု နဲ့ အကောင်းဆုံးတော့ ကြိုးစားပြီး တင်ဆက်ပါတယ်လို့ အဆိုတော် အောင်ထက် က MC သို့ပြောပါတယ်။ 

“သီချင်းဆိုတာ ခံစားမှုတစ်ခုကို အကြောင်းအရာတည်ပြီးတော့ Music ဖန်တီးတာဆိုပေမယ့် ပြောလို့သာလွယ်တာ။ အရမ်းကျယ်ပြန့် နက်နဲပြီး ပေါ့ပေါ့ဆဆ လုပ်လို့မရဘူး။ ကျွန်တော် သီချင်းကိုကြိုးစားပြီးတော့ ကိုယ့်ရှိတဲ့အင်အားနဲ့ ဆိုတယ်။ ဒါကျွန်တော့် ခံယူချက်ပဲ ။ ဘာကိုမှ ပေါ့ပေါ့ဆဆ မလုပ်ဘူး။ ကျွန်တော် ဆိုတာ မူရင်းအဆိုတော်လောက်မှ ကောင်းချင်ရင်ကောင်းမယ်။ ဒါပေမယ့် ကျွန်တော့် ပုံစံလေးတစ်ခုနဲ့  ကြိုးစားပြီးတော့ ဆိုတယ်။ ဒါကတော့ ကျွန်တော့်ရဲ့ မှန်သောစကားပဲ ။ ကျွန်တော် နောက်ပိုင်းတော့ သီချင်းအသစ်တွေပဲ လုပ်ဖြစ်မှာပါ။ သီချင်းဟောင်းဆိုရင်တော့ ကျွန်တော် လွန်ခဲ့တဲ့ အနှစ်(၂၀)ကျော်လောက် က သီချင်းတွေ ၊ ကျွန်တော်တို့ ကြိုက်ခဲ့တဲ့ တစ်ချို့သီချင်းလေးတွေကိုတော့ ဆိုဖို့ရှိပါတယ်။ အရမ်းလည်း ကြိုက်သလို ပုံလည်းဖော်ချင်တယ်။ တစ်ခွေလုံးနီးပါးမဟုတ်တာတောင် နှစ်ပုဒ်လောက်တော့ ထွက်ဖို့ရှိတယ် ”- အောင်ထက် 







ဖေဖော်ဝါရီလထဲမှာ ပြုလုပ်မယ့် 7 Wave ဂီတဖျော်ဖြေပွဲမှာ  အဆိုတော် ဖြိုးပြည့်စုံ၊ အောင်ထက် ၊ ဒေးဗစ်လှိုင်၊ စောလားထော်ဝါး ၊ M ဇော်ရိန်၊ ထွန်းနောင်ဆင့် နှင့် နေမင်းအိမ် တို့က သီဆိုဖျော်ဖြေမှာ ဖြစ်ပါတယ်။

ဒီဖျော်ဖြေပွဲနဲ့ ပက်သက်ပြီး “  ဒီပွဲလေးလုပ်ကတည်းက (၇)ယောက် ရှိုးရှိတယ်ပေါ့ ။ အဲ့ကတည်းက စိတ်ဝင်တစားနဲ့ပဲ လက်ခံဖြစ်ခဲ့တာပါ။ ဒီပွဲမှာ အကုန်လုံးကပြိုင်ပွဲ အသီးသီးက ထွက်ပေါ်လာတဲ့ တေးသံရှင်တွေဆိုတော့ သူတို့ကိုယ်တိုင်လည်း ဒီပွဲအတွက် ကြိုးစားပြင်ဆင်နေကြတယ်။ ကျွန်တော်တို့ အားလုံးရဲ့ မှတ်တမ်းလေးတစ်ခုဖြစ်မယ်လို့ လည်းထင်တယ်။ ကြိုးစားပြီးတော့ ပြင်ဆင်နေပါတယ်။ သူတို့ သတ်မှတ်ထားတာတော့ သီချင်း (၆) ပုဒ်လောက် ဆိုဖြစ်မယ်လို့ ထင်ပါတယ်။ ပြိုင်ပွဲဆိုတာတော့ ခေါင်းစဉ်တွေ မတူကြဘူး။ သူတို့ သတ်မှတ်ထားတဲ့ စည်းကမ်းတွေလည်းမတူကြဘူး။ ဒါပေမယ့်လည်း ကျွန်တော်တို့ က သီချင်းဆိုပြိုင်ကြရတာပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ် ကြိုးစားရတာပဲလေ။ ကိုယ်ဝါသနာ ပါတာအတွက် ကြိုးစားနေတဲ့သူတွေကတော့ ဘယ်သီချင်းဆိုပြိုင်ပွဲမဆို အစီစဉ်ကောင်းတစ်ခုလို့တော့ ကျွန်တော်မြင်တယ်” လို့သူကပြောပါတယ်။
By MyanmarCelebrity 




#MyanmarCelebrity #AungHtat

Related Posts

Scroll to top