ရွှေထိုက် ရဲ့ "အချစ်နဲ့ကွာရှင်းမယ်" အခွေထဲမှာ OwnTune သီချင်းပဲဆိုထားတယ်


အဆိုတော် ရွှေထိုက် ရဲ့"အချစ်နဲ့ကွာရှင်းမယ်" တေးစီးရီး Unplugged သီချင်းရိုက်ကူးမှု ကို ဇန်န၀ါရီလ (၁၆) ရက်နေ့ က ရန်ကုန် ၊ ဟာမိုနီစတူဒီယိုမှာ Art Roborts Band နှင့်အတူ ရိုက်ကူးခဲ့ပါတယ်။

“ကိုယ်က OwnTune တွေပဲ ရေးပြီးတော့ ကိုယ့်ဘာသာပဲ ဆိုချင်တဲ့ ဆန္ဒရှိတယ်။ အဲ့လိုကြတော့ ကိုနိုင်ဇော် လိုတာဝန်ယူပေးတဲ့သူ ရှိမှပဲအဆင်ပြေမှာ  ။ အခုနောက်ဆုံး ကိုနိုင်ဇော် နဲ့ ဆုံတော့ ဘာမှပြောစရာမရှိဘူး ။ အစအဆုံး အကုန်လုပ်ပေးပါ ၊ သီချင်းကလည်း အသစ်တွေဖြစ်တယ်ဆိုပြီး ပြန်တောင်းဆိုထားတာပေါ့။ အဲ့တာကြောင့် ကိုနိုင်ဇော့် ကို ဒီအခွေလေး ရိုက်ပေးဖို့ပြောဖြစ်တာပေါ့ ။ သီချင်းကတော့ (၁၀) ပုဒ် ၊ အဟောင်း (၃)ပုဒ်တော့ပါတယ်။ ပရိသတ်လည်း နှလုံးသားနဲ့ နားဆင်ပေးပါလို့ ပြောချင်တယ်” လို့ ရွှေထိုက် က MC  သို့ပြောပါတယ်။ 
By MyanmarCelebrity














#MyanmarCelebrity #ShweHtike #NaingZaw

Related Posts

Scroll to top