အနုပညာအလုပ် စွန့်လွှတ်လိုက်ပါပြီ - သင်ဇာနွယ်ဝင်း


သားလေးကို အချိန်ပေးနေရတဲ့ အတွက်ကြောင့် အနုပညာအလုပ်တွေကို လုပ်ဖြစ်မှာ မဟုတ်တော့ပါဘူး လို့ သရုပ်ဆောင် သင်ဇာနွယ်ဝင်း က MC သို့ပြောပါတယ်။

“ အနုပညာအလုပ်တွေ မလုပ်ဖြစ်လောက်တော့ဘူး ။ ဘာလို့လဲဆိုရင် ကလေးလဲရှိနေပြီ။ ကလေးကိုလည်း အချိန်ပေးရဦးမယ် ။ အနုပညာအလုပ်ဆိုတာက တောက်လျောက်လုပ်နေမှပဲ ကောင်းတာဆိုတော့ မလုပ်ဖြစ်တော့ဘူး။ သင်ဇာ ဇာတ်ကားရုံတင်ဖို့ (၃) ကားရှိတယ်တော့ ကြားပါတယ်။ ကိုယ်တိုင်လည်း ကြည့်ချင်နေပါတယ်။ သင်ဇာ ကလေးရတာကတော့ အရမ်းမြန်သွားတယ်ပေါ့ ။ သင်ဇာ အိမ်ထောင်ပြုပြီးတော့ တစ်လအတွင်းမှာပဲ ကလေးရသွားတယ်။ သားလေးက မွေးလာတာကလည်း သဘာဝအတိုင်းပဲ မွေးလာတာ ။ အချိန်တွေလည်း လိမ်ထားလို့ရတာမဟုတ်ဘူး။ အဲ့တာကိုမှ ကလေးကို ဝေဖန်ကြတယ်ပေါ့နော်။ သင်ဇာ့ ရဲ့ သား ကလည်း သူ့အဖေနဲ့ တစ်ရုပ်တည်းလေ။ ကလေးကို အရမ်း တိုက်ခိုက်တော့ သင်ဇာလည်း သဘောမကြဘူးပေါ့။ အဲ့တာကြောင့် ပြောဖြစ်တာပါ။ ကလေးကို ချစ်တဲ့သူကိုတော့ သင်ဇာ အရမ်းကျေးဇူးတင်ပါတယ်။ လူတွေက မင်းသား ၊ မင်းသမီး ဆိုရင် ဝေဖန်တာတော့ ဝေဖန်ကြတာပေါ့။ ဒါပေမယ့် အရမ်းကြီးတော့ သင်ဇာ မဝေဖန်စေချင်ဘူး။ နည်းနည်းလေးတော့ စာနာပေးစေချင်တယ်။ လူတိုင်းတော့ ၀မ်းနည်းတတ်တယ်။ တစ်ယောက်မက ၀ိုင်းပြောကြတော့ စိတ်မကောင်းဘူး ” လို့ သူမကပြောပါတယ်။
By - MyanmarCelebrity














#MyanmarCelebrity #ThinZarNweWin

Related Posts

Scroll to top