မြန်မာသရုပ်ဆောင်နှင့်ဟောလိဝုဒ် မင်းသမီး တို့ ပူးပေါင်းရိုက်မယ့် "မဟူရာရုပ်ရှင်ရုံ"


မဟူရာရုပ်ရှင်ရုံ" ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲပေး အခမ်းအနားကို ဖေဖော်ဝါရီလ (၅) ရက်နေ့ က ရန်ကုန် ၊  ရွှေတိဂုံဘုရားအောင်မြေ နှင့် M3 Food Center တို့မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီဇာတ်ကားကို ဒါရိုက်တာ ပြည့်ဇော်ဖြိုး က ရိုက်ကူးပုံဖော်မှာဖြစ်ပြီး သရုပ်ဆောင် နေတိုး၊ ကျော်ကျော်ဗို၊ မင်းသွေး၊ Riya Ray၊ နန်းဆုဦး နှင့် အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်မှာ ဖြစ်ပါတယ်။

"ကာရိုက်တာကတော့ အနုပညာကို ရူးသွပ်တဲ့သူပါ ။ ရုပ်ရှင်ပွဲတော်ပြိုင်ပွဲတွေ ကို စိတ်ဝင်စားတယ်။ ရုပ်ရှင်နဲ့ ပက်သက်ပြီး ၀ါသနာကြီးတဲ့ သူတစ်ယောက်ပါ ။ ကျွန်တော်တို့ Horror ကို အခြေခံပြီးတော့ ရိုက်ထားတယ်။ အကောင်းဆုံးတင်ဆက်နိုင်မယ့် Horror တစ်ခုဖြစ်နိုင်အောင် ကြိုးစားထားပါတယ်။ ဒီဇာတ်ကားမှာ ကျွန်တော့် ကာရိုက်တာအားဖြင့် တစ်ခုခုကို ဦးဆောင်မှု ပြုနိုင်တယ်။ သူပြောလိုက်တဲ့ စကားတွေက လွဲခဲတယ်။ သူ့ရဲ့ရည်ရွယ်ချက်ကို ဖြောင့်ဖြောင့်တန်းတန်းသွားတဲ့ ပုံစံမျိုး ဒီဇာတ်ကားထဲမှာ မြင်ရမှာပါ" လို့ သရုပ်ဆောင် နေတိုး က MC   သို့ပြောပါတယ်။















#MyanmarCelebrity #NayToe #KyawKyawBo #MinThway #RiyaRay #NanSuOo

Related Posts

Scroll to top