စွမ်းသဘင်မျိုးဆက် ကျန်ရှိအောင် အိမ်ထောင်ပြုမှာပါ - စွမ်းဇာနည်


လောလောဆယ် အချစ်ရေးကို စိတ်ထည့်မထားပေမယ့် စွမ်းသဘင်မျိုးဆက် ကျန်ရှိအောင် အိမ်ထောင်တော့ ပြုမှာပါလို့ စွမ်းဇာနည် က MC သို့ပြောပါတယ်။

“ အချစ်ရေးကတော့ သိပ်ပြီးကံမကောင်းဘူး။ သူတို့မကောင်းလို့ မကောင်းဘူးပြောတာမဟုတ်ဘူး။ ကျွန်တော် ကံမကောင်းလို့ မကောင်းတာ။ ကျွန်တော် အလုပ်ပဲလုပ်ဖြစ်နေတယ် ။ အချစ်ကို တစ်လေးတစ်နက် မထားတာတော့ မဟုတ်ပါဘူး။ ကျွန်တော် အရမ်းချစ်တတ်ပါတယ်။ ကျွန်တော် အိမ်ထောင်တော့ပြုမှာပါ။ ကျွန်တော်ပြီးရင် မျိုးဆက်က မရှိတော့ဘူး။ စွမ်းသဘင် ရဲ့ မျိုးဆက်ဆိုတာဖြစ်ပေါ်လာအောင် ကျွန်တော် အိမ်ထောင်တော့ပြုမှာပါ။ ကျွန်တော် လည်ချောင်းပြန်ဖြစ်နေလို့ ပွဲတွေနားချင်နေတာ နားရက်မရှိဘူးဖြစ်နေတယ်။ နားမယ့် ရက်တွေချန်ထားပေမယ့် ပွဲဌားတွေက အတင်းကိုဌားတယ်။ ဒီနှစ် နဲ့ မနှစ်က နဲ့ ဇာတ်သဘင်ပိုပြီးတော့ အောင်မြင်လာတယ်။ ဇာတ်ကြေးတွေဆိုရင်လည်း ကျွန်တော် တိုးမတောင်းပဲနဲ့တောင် ပွဲဌားတွေက ရက်ကိုလိုချင်တဲ့အတွက်ကြောင့် တိုးပေးကြတယ်။ ကတဲ့ပွဲတိုင်း ရုံမပွင့်တာတစ်ပွဲမှ မရှိဘူး။ အဲ့တော့ ဗီဒီယို ဇာတ်ကားကတော့ ရိုက်ဖြစ်မှာမဟုတ်ဘူး။ ဒီနှစ်ကို မိုးတွင်းဘက် ခနလောက်ပြန်ပြီးတော့ နားမလားလို့။ ဇာတ်ကားတွေ ရိုက်ဖို့ပေါ့။ သေတော့ မသေချာသေးဘူး။
” - စွမ်းဇာနည်

By MyanmarCelebrity









#MyanmarCelebrity #SwanZarNi

Related Posts

Scroll to top