နေပြည်တော် ၊ စမတောင် ရှိ မိဘမဲ့ကလေးများအတွက် အလှူလုပ်ခဲ့တဲ့ သားစိုး


အဆိုတော် သားစိုး ဦးဆောင်ပြီး မတ်လ (၁၇) ရက်နေ့က  နေပြည်တော် ၊ စမတောင် ရှိ မိဘမဲ့ကလေး အယောက် (၈၀၀) ခန့်အတွက် လိုအပ်သော အသုံးအဆောင်များ နှင့် ငွေကျပ် (၁၅) သိန်း လှူဒါန်းခဲ့ပါတယ်။


" ကျွန်တော် ၂၀၁၂ လောက်ကတည်းကစပြီးတော့လှူတာ အခု ၂၀၁၈ ဆိုတော့ (၆) နှစ်လောက်တော့ ရှိသွားပါပြီ။ နှစ်စဉ်နှစ်တိုင်းလည်း ကျွန်တော် လှူဖြစ်ပါတယ်။ ၀တ္တုကတော့ အားလုံးစုပေါင်းလှူကြတာ ငွေကျပ် အားဖြင့်တော့ (၁၅) သိန်းလောက်ရှိပါတယ်။ တစ်ခြားကလေးကစားစရာ စက်ဘီး ၊ ကားတွေ ၊ နှို့မှုန် တွေလည်း ပါကင်လိုက် ပါပါတယ်။ ကျွန်တော်တို့က ကလေးတွေကိုလည်း ရေခဲမုန့် နဲ့ သကြားလုံးတွေလည်း ကျွေးပါတယ် ။ လူလတ်ပိုင်းအတွက် ရွှေပိုးနန်းတော် က မိန်းကလေးဝတ် (၇၀) လှူပါတယ်။ ယောကျားင်္လေးဝတ် အထည် (၃၀) လည်း လှူပါတယ်။ ဒီတစ်ခေါက်တော့ ပြည့်ပြည့်စုံစုံ နဲ့ တော်တော်များပါတယ် " လို့ အဆိုတော် သားစိုး က MC သို့ပြောပါတယ်။










#MyanmarCelebrity #TharSoe

Related Posts

Scroll to top