ဓာတ်ပုံတင်လို့ အပြစ်ပြောတဲ့သူတွေကို စိတ်မတိုပါဘူး - နန်းထိပ်ထားစံ



Online က ဓာတ်ပုံတွေကို ကြိုက်တဲ့သူ ရှိသလို ၊ အပြစ်မြင်တဲ့သူတွေလည်း ရှိပေမယ့် စိတ်တိုစရာတော့ မဟုတ်ပါဘူး လို့ နန်းထိပ်ထားစံ က MC သို့ပြောပါတယ်။





“  အွန်လိုင်းမှာ ပုံတွေတင်ဖြစ်ပါတယ် ။ တစ်ချို့ပရိသတ်တွေကြတော့လည်း ချစ်တယ် ၊ လက်ခံကြတယ်။ သူတို့မျက်လုံးထဲမှာ အဆင်မပြေတဲ့ ပုံလေးတွေဆိုရင်လည်း အမြဲတမ်း အပြောခံရပါတယ်။ ဒါက စိတ်တိုစရာတော့ မဟုတ်ပါဘူး ။ တစ်ချို့က ဒီလိုမျိုးကိုကြိုက်သလို ၊ မကြိုက်တဲ့သူလည်း ရှိတယ်။ အပြစ်ပြောတာကိုတော့ အပြစ်မမြင်ပါဘူး ။ အပြစ်ပြောစရာပါရင်တော့ ပြောမှာပဲပေါ့နော်။ ဓာတ်ပုံတိုင်းကတော့ Sexy ဆိုတဲ့ ဘက်တော့ မရောက်ပါဘူး ။ကိုယ်အမြဲတမ်း မြန်မာဝတ်စုံပဲ ၀တ်ဖြစ်တယ်။ လိုက်ဖတ်တဲ့ ပုံစံဝတ်တယ် ။ တစ်ချို့ကြတော့လည်း မြန်မာကို သိက္ခာချတယ်လို့ပြောတယ် ။ မဆိုင်ဘူး လို့တော့ ညီမကတော့ ထင်ပါတယ်။ နောက်ထပ် ပုံတွေတင်ဖြစ်မယ် ” လို့ သူမကပြောပါတယ်။

By MyanmarCelebrity


#MyanmarCelebrity #NannHtaikHtarSan

Related Posts

Scroll to top