မျက်နှာမှာ ၀က်ခြံပေါက်လို့ ဆေးကုသနေရတယ် - အောင်ထက်


ဂရုမစိုက်ပဲ ပေပေတေတေနေလို့ မျက်နှာမှာ ၀က်ခြံတွေပေါက်ပြီး လက်ရှိ ဆေးကုနေတာ (၂) ပါတ်လောက်ရှိနေပြီ လို့ သရုပ်ဆောင် အောင်ထက် က MC သို့ပြောပါတယ်။




“  ခရီးလည်း တော်တော် များများသွားရတယ် ။ ၀က်ခြံတွေလည်း တော်တော်များများ ထွက်လာတော့ ကျွန်တော် ဆေးကုနေရပါတယ်။ အိပ်ရေးပျက်လာလို့လည်း ဟုတ်တယ်။ ခရီးသွားတာ (၃) ရက်လောက် ညတွေချည်းပဲ သွားရတယ်။ နောက်ရက်တွေကြတော့ ကောင်းကောင်း အိပ်မရတာ ။ တစ်နေရာကနေ တစ်နေရာ သွားတဲ့အခါ  ကိုယ်ကယောကျားင်္လေးလည်း ဖြစ်တော့ ဂရုမစိုက်ဖြစ်ဘူး ။ အဲ့တာကြောင့် မျက်နှာမှာ ၀က်ခြံတွေ ပေါက်လာတာပေါ့ ။ ဆေးကုနေတာဆိုရင် (၂) ပတ်လိုက်တော့ ရှိသွားပြီ။ ပစ်ထားတာ အရမ်းကြာတော့ ဖြစ်သွားတာ၊ တစ်ကယ်ဆိုရင် ကိုယ့်ကိုကိုယ်တော့ ဂရုစိုက်သင့်တာပေါ့ ။ ပေပေတေတေ နေတဲ့သူဆိုတော့ အဖုတွေပေါက်လာတာပေါ့  ” လို့ သူကပြောပါတယ်။

By MyanmarCelebrity 



#MyanmarCelebrity #AungHtet

Related Posts

Scroll to top