စည်သူလွင်ဖုန်းခိုးယူခံရ၊ လိမ်လည်မှုများပြုလုပ်နေ



အဆိုတော် စည်သူလွင် ရဲ့ ဖုန်းကို ဧပြီလ (၃) ရက်နေ့မှာ ခိုးယူခံလိုက်ရပြီး သူရဲ့ဖုန်းနံပါတ် နဲ့ Viber  မှတစ်ဆင့် အဆိုတော် သားကြီး ၊ ထွန်းရတီတို့ထံမှ ငွေ(၅)သိန်း လိမ်လည်ပြီး တောင်းနေတယ်လို့ သိရပါတယ် ။





သူ့ရဲ့ဖခင်ဖြစ်သူ ဦးငွေကြည် က အဆိုတော်စည်သူလွင်ရဲ့ ဖုန်းနံပါတ် (၀၉ ၅၀၂၁၂၄၇) ၊ (၀၉ ၂၆၁၆၁၈၆၂၁) ဖုန်းများနဲ့ လိမ်လည်ခြင်းများ ပြုလုပ်နေပါတယ်၊ ထပ်ဆင့် ငွေချေးခြင်းအတွက် အထူးသတိပေးအပ်ပါတယ်လို့  NgweKyi Facebook Account မှာ ရေးသားထားပါတယ်။ လတ်တလော Facebook Account ကိုလည်း အသုံးမပြုခြင်းမရှိဘူးလို့ သိရပါတယ် ။






“ တော်သေးတယ် ရှိစုမဲ့စုလေးပါ သွားတော့မလို့။ မသင်္ကာတာ နဲ့ ကိုယ်တိုင်လာယူလို့ ပြောလိုက်တော့ငြိမ်သွားတယ်။ ကျွန်တော်ဖုန်းဆက်တော့ ဖုန်းကိုပိတ်ပစ်လိုက်တယ်။ ကိုစည်သူလွင် ဖုန်းပျောက်သွားပါတယ်ဗျို့။ ဦးဦးရဲကြီးတို့ရေ ဖမ်းပေးကြအုံးဟ ပိုက်ဆံတွေလိုက်လိမ်နေတယ် Viber ကနေ ” လို့ အဆိုတော် သားကြီး က FaceBook မှာ ရေးသားထားပါတယ်။






#myanmarcelebrity #sithulwin

Related Posts

Scroll to top