ချာလီရဲ့ သီချင်းခွေအတွက် MTV ရိုက်နေတဲ့ ခိုင်သဇင်ငုဝါ နဲ့ မြတ်နိုးအေး



အဆိုတော် ချာလီ ရဲ့ တစ်ကိုယ်တော် တေးစီးရီးဖြစ်တဲ့ "စိတ်ပုတ်" အယ်ဘမ်ထဲက "မျှော်လင့်အသက်ရှင်" သီချင်း MTV ကို ဧပြီလ (၄) ရက်နေ့ က ရွှေဂုံတိုင်ရှိ Misfit Roof Cafe မှာ   ခိုင်သဇင်ငုဝါ ၊  မြတ်နိုးအေး နှင့်အတူ ရိုက်ကူးခဲ့ပါတယ်။








"  ဒီသီချင်းလေးက ချာလီ သူ့အခွေမထွက်ခင်ကတည်းက ညီမတို့ သူငယ်ချင်းတွေကို ပေးနားထောင်တယ်။ ညီမကလည်း ကြိုက်တယ်။ သီချင်းရိုက်မယ်ဆိုရင် ရိုက်မယ်လို့ ကြိုပြီးတော့ ပြောထားတာပေါ့နော်။ ဒီသီချင်းလေးက အဆွေးသီချင်းလေး ၊ ကောင်လေးဘက်က ခံစားချက်ကို ရိုက်ထားတာ ။ ကောင်မလေးကို အရမ်းချစ်ပေမယ့် အကြောင်းကြောင့် ဝေးသွားတယ်။ ဒါပေမယ့် ချစ်နေကြတုန်းပဲပေါ့ " လို့ ခိုင်သဇင်ငုဝါ က MC သို့ေ့ပြာပါတယ်။





 #myanmarcelebrity #charli #khaingthazinnuwah #myatnoeaye .

Related Posts

Scroll to top