"ဒုဋ္ဌဝတီကိုလွန်၍" ဇာတ်ကား မရိုက်မိလို့ နှမြောမိတယ် - သားညီ



“ ကျွန်တော် ကိုယ့်ကိုကိုယ် နှမြောတယ် ။ ဒီဇာတ်ကား ရိုက်မယ်ဆိုတော့ ကျွန်တော့်ကို သရုပ်ဆောင်ဖို့ လာဌားတယ် ။ သူတို့က အချိန်တစ်လတောင်းတယ်။ ကျွန်တော်လည်း အရမ်းရိုက်ချင်တယ်။ မေမြို့ထိ လိုက်လာပြီးတော့ ပြောတာ ။ ဒါပေမယ့် အဲ့အချိန်မှာ ရတနာပုံ ဇာတ်လမ်းတွဲ ရိုက်နေတာ။ ရတနာပုံ ရိုက်ကွင်း ကို ရပ်ပြီး အဲ့ဇာတ်ကားရိုက်ဖို့ကလည်း ကျွန်တော် က ရတနာပုံ မှာ ဒါရိုက်တာတစ်ယောက်လေ ။ အဲ့တော့ ကျွန်တော်မရိုက်ရင်လည်း အကုန်ရပ်လိုက်ရမှာ ။ ကျွန်တော် ရင်နာနာနဲ့ပဲ ငြင်းလိုက်တာ ။ ဒီဇာတ်ကားကြော်ငြာ ကြည့်တိုင်း အရမ်းနှမြောတယ်။ မပါရလို့နှမြောတာ ။ ကျွန်တော်ကတော့ ထုံးစံအတိုင်း လူဆိုးကာရိုက်တာပေါ့  ”   လို့ သရုပ်ဆောင် သားညီ က MC  သို့ပြောပါတယ်။


By Myanmar Celebrity





#MyanmarCelebrity #TharNyi 


Related Posts

Scroll to top