အဆိုတော် မီမီဝင်းဖေ ရဲ့ "ပန်ဆင်မယ်ဆို" တစ်ကိုယ်တော် တေးစီးရီးသစ် မိတ်ဆက်ပွဲ




အဆိုတော် မီမီဝင်းဖေ ရဲ့ "ပန်ဆင်မယ်ဆို" တစ်ကိုယ်တော် တေးစီးရီးသစ် စာနယ်ဇင်း မိတ်ဆက်ပွဲကို ဒီကနေ့ ဇွန်လ (၁၅) ရက်နေ့က ရန်ကုန်၊ Orchid Hotel မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီပွဲမှာ အဆိုတော် တက္ကသိုလ် လဲ့လဲ့၊ ချောစုခင်၊ တင်ဇာမော် နှင့် သီရိကိုကို တို့က တက်ရောက်ခဲ့ကြပါတယ်။

By - MyanmarCelebrity


"လွန်ခဲ့တဲ့ အနှစ် (၃၀)ကတည်းက မမီတို့နဲ့ လက်တွဲခဲ့တာဖြစ်တယ်။ မမီ၊ နီနီဝင်းရွှေ၊ ဟေမာနေ၀င်း၊ ကော်နီ တို့ကို အန်တီ့ သမီးတွေလို ချစ်ခဲ့တာဆိုတော့ အားပေးရမယ်။ တကယ့်နိုင်ငံကျော် စတူဒီယို အဆိုတော်ထဲမှာ ခိုင်ခိုင်မာမာ ရပ်တည်ထားတယ်။ အသံလေးက အင်မတန်အေးချမ်းပြီး ထူးခြားတဲ့ အသံရှင်လေးဖြစ်တယ်။ ပရိသတ်ရင်ထဲကို ရောက်အောင်ဆိုနိုင်တယ်" လို့ MC ကိုပြောပါတယ်။

#TakathoLaeLae



"ဒီအခွေလေးက ညီညီသွင် နဲ့ သူ့ သူငယ်ချင်း စီစဉ်ကြတဲ့အခွေပါ။ တစ်ခြားအဆိုတော်တွေကို တစ်ပုဒ်စီပေးဆိုခဲ့တာတွေကို စုပြီးတော့ မမီကို ပြန်လာဆိုခိုင်းတာတဲ့ အခွေလေးပါ။ ဆိုပြီးသားကို ပြန်ဆိုထားတဲ့ ဟာလေးတွေရော အသစ်စက်စက်တွေရောပါမယ် ။ ပရိသတ် အရမ်းနားရည်ဝပြီးသား သီချင်းမျိုးတော့ မပါဘူး။ ဒီအခွေထဲမှာ သီချင်း (၁၄) ပုဒ်ပါတယ်။ တစ်ပုဒ်ကတော့ MTV ရိုက်ပြီးပါပြီ လို့ MC ကိုပြောပါတယ်။

#MieMieWinPe


#TinZarMaw



"မမီရဲ့ စိတ်နေစိတ်ထား လူပုံစံက အေးချမ်းသလိုပဲ သူ့သီချင်းလေးတွေကလည်း တစ်ကယ်ကို ငြိမ့်ငြိမ့်ညောင်းညောင်းနဲ့ ဆိုထားတယ်။ အရင်ခေတ်ကတည်းက စွဲလမ်းရတဲ့ သံစဉ်လေးတွေဖြစ်တယ်။ အဲသီချင်းလေးတွေကို ပြန်ဆိုထားတာ ဖြစ်တဲ့အတွက် နှစ်သက် ကြေနပ်စရာ ကောင်းပါတယ်။ မိုးတွင်းမှာ ဒီသီချင်းလေးနဲ့ စောင်ခြုံထဲမှာ ကွေးနိုင်ရမယ်" လို့ MC ကိုပြောပါတယ်။

#ChawSuKhin
#MyanmarSinger

Related Posts

Scroll to top