"ဥပါဒါန်" ဇာတ်ကားမှ မြွေမလေး မိညို နှင့် ပါဋ္ဌာန်းဆက်များအတွက် ကုသိုလ်အလှူပြုလုပ်



"ဥပါဒါန်" ရုပ်ရှင်ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ပေးခဲ့သော မြွေမလေး မိညို နှင့် အားပေးဝန်းရံ စောင့်ရှောက်လျက်ရှိသော မြွှေ နှင့် အခြား ပါဋ္ဌာန်းဆက်များအားလုံးအတွက် ကောင်းမှုကုသိုလ်ကို ဒီကနေ့ ဇွန်လ (၂၁) ရက်နေ့က ရန်ကုန်၊ သိလ၀ိသုဒ္ဓိကမ္မာဋ္ဌာန်းကျောင်းတွင် ပြုလုပ်ခဲ့ပါတယ်။

By - MyanmarCelebrity


"ဥပါဒါန် အဖွဲ့သားတွေအားလုံး စုပေါင်းပြီး မြွေမလေး မိညို နှင့် ပါဋ္ဌာန်းဆက်အားလုံး အတွက် ရည်မှန်းပြီး ပြုလုပ်ပေးတဲ့ အလှူပွဲလေးပါ။ ဇာက ဘယ်အရာကိုမှ အရမ်းကြီး မယုံတတ်ဘူး။ ဒါပေမယ့် တစ်ခါတစ်လေ အကြောင်းအကျိုး တိုက်ဆိုင်ပြီး ပါဋ္ဌာန်းဆက် ပါလာတဲ့ အခါကျရင်တော့ မယုံလို့ မရဘူး။ မြွေမလေး မိညိုက လူ့ဘ၀နဲ့ အရမ်းကို နီးစပ်တယ်။ အစ်မတို့နဲ့လည်း  ပါဋ္ဌာန်းဆက် ပါတယ်လို့ ထင်တယ်။ ပိုပြီးတော့ သိသာတာ တစ်ခုက ကျန်းမာရေးမကောင်းတဲ့  အစ်မအမေကို ၀င်စီးပြီး လာနှုတ်ဆက်သွားတယ်" လို့ MC ကို ပြောပါတယ်။

#KhinZarChiKyaw


"မိသားစု၊ သားသမီး၊ အဖေ၊ အမေအတွက်အလှူ ပေးတာမျိုးမဟုတ်ဘဲ အနုပညာသည် အချင်းချင်း လှူပေးတဲ့အလှူဖြစ်တယ်။  ဒါပေမယ့် အဲဒီ့အနုပညာသည်က လူမဟုတ်တဲ့အတွက် ထူးခြားတဲ့အလှူဖြစ်တယ်။ ခုနက ဘုန်းဘုန်း မေတ္တာပို့၊ အမျှပေးဝေနေတော့ မြွေလေးက ငြိမ်ငြိမ်လေးနေတယ်။ အမျှလည်းဝေပြီးရော ခေါင်းက ဇတ်ခနဲ ထောင်လာတယ်။ သူသိတယ် ဆိုတဲ့ သဘောလေးပေါ့။ ဒီဇာတ်ကားလေးအပေါ်မှာ အရမ်းသံယောဇဉ်ကြီးတယ်" လို့ MC ကို ပြောပါတယ်။

#ChoPyone


#MiNyo






#MyanmarCelebrity #MyanmarActress

Related Posts

Scroll to top