ဒါရိုက်တာ ၀င်းလွင်ထက် ရိုက်ကူးနေတဲ့ " ဒဏ္ဍာရီမိုး " ရုပ်ရှင်ဇာတ်ကား ရိုက်ကွင်း



ဇာတ်လမ်း၊ ဇာတ်ညွန်း မိုးနီလွင်၊ ဒါရိုက်တာ ၀င်းလွင်ထက် ရိုက်ကူးနေတဲ့ " ဒဏ္ဍာရီမိုး " ရုပ်ရှင်ဇာတ်ကားကို ဒီကနေ့ ဇူလိုင်လ (၁၁) ရက်နေ့က ရန်ကုန်၊ စာပေဗီမာန် မှာ ရိုက်ကူးခဲ့ပါတယ်။ ဒီဇာတ်ကားမှာ သရုပ်ဆောင် ရဲတိုက်၊ ရွှေထူး၊ ဒေါင်း၊ ၀တ်မှုန်ရွှေရည် တို့က အဓိက ပါဝင်သရုပ်ဆောင် ကြမယ်လို့သိရပါတယ်။

By - MyanmarCelebrity


“အပြင်ပုံစံနဲ့ကွဲပြီး ဒီဇာတ်ကားထဲမှာ စာရေးဆရာ တည်တည်ငြိမ်ငြိမ် ပုံစံလေးပါ။ ဒီဇာတ်ကားလေးက ရသမျိုးစုံ ရမယ်။ ပါဝင်တဲ့ (၄) ယောက်ရဲ့  ကာရိုက်တာနဲ့ အညီ မတူညီတဲ့ ပုံစံမျိုးကို အားလုံးခံစားရမှာပါ” လို့ MC ကို ပြောပါတယ်။

#ShweHtoo


“အပြင်က သာမာန် ကောင်မလေးပုံစံမျိုး သရုပ်ဆောင်ထားတယ်။ Romance Drama ကားလေးပါ။ ဒီဇာတ်ကားလေးကို သေသေချာချာ စိတ်နှစ်ပြီး ရိုက်နေတယ်။ ပါဝင်တဲ့သူတွေအားလုံး သေချာ ကြိုးစားနေပါတယ်။ အားပေးကြပါဦး” လို့ MC ကို ပြောပါတယ်။

#WuttHmoneShweYi













#MyanmarCelebrity #MyanmarActor #MyanmarActress

Related Posts

Scroll to top