"နှလုံးသားအိမ်မက်" ရုပ်ရှင်ကား ကန်တော့ပွဲပေးအခမ်းအနား



ဒါရိုက်တာ Sammy နှင့် ဒါရိုက်တာ ကိုအာကာ တို့ရိုက်ကူးပုံဖော်မယ့် "နှလုံးသားအိမ်မက်" ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲပေးအခမ်းအနားကို ဇူလိုင်လ (၈) ရက်နေ့က ရွှေတိဂုံဘုရားအောင်မြေမှာ ပြုလုပ်ခဲ့ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင် နိုင်းနိုင်း၊ ရဲနောင်၊ အေးမြတ်သူ၊ အိန်ဂျယ်လမုန်၊ Mikis Weber၊ Darin Hansen နှင့် အခြားအနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်မှာဖြစ်ပါတယ်။

By - MyanmarCelebrity


“ ဒီဇာတ်ကားရဲ့  ဖိုက်တင် အခန်းတွေတွက် ဘန်ကောက်မှာ လေ့ကျင့်ဖို့ရှိတယ်။ ဟိုက ဖိုက်တင် အဖွဲ့နဲ့ တွဲရိုက်ဖို့အတွက်က ကျတော့ (၃)၊ (၄) ရက်လောက်  ကြိုလေ့ကျင့်ထားမှရမယ်။ ဒီဇာတ်လမ်းမှာ ရသမျိုးစုံပါတယ်။ Action က ဒုဋ္ဌဝတီကိုလွန်၍ လောက်တော့ ဖိုက်တင် မများဘူး” လို့ MC ကို ပြောပါတယ်။

#NineNine


“ ဒီဇာတ်ကားရိုက်ဖို့အတွက် နေ့တိုင်း အမြဲတမ်းလိုလို metting တွေလုပ်ပြီး ကြိုတင်ပြင်ဆင်မှုတွေလုပ်နေတဲ့အတွက် အားလုံက တစ်သားထဲဖြစ်နေပြီ။ ဒီဇာတ်ကားထဲမှာ ဇာတ်ကောင်မိန်းကလေးနေရာ ရောက်ဖို့အတွက် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်နေတယ်။ ဇာတ်ကားအကြောင်းကတော့ လျို့ဝှက်ထားချင်ပါသေးတယ်” လို့ MC ကို ပြောပါတယ်။

#AyeMyatThu


“ ဒီဇာတ်ကားမှာက ထိုင်း နဲ့ မြန်မာ နဲ့ ပေါင်းရိုက်မယ့် ဇာတ်ကားဆိုတော့ ကြိုတင်လေ့ကျင့်မှုတွေ အများကြီး လုပ်ထားတယ်။ အိန်ဂျယ်တို့ အသစ်ဖြစ်တဲ့အတွက် ကာရိုက်တာကိုတော့ ရွေးလို့မရဘူး။ အတက်နိုင်ဆုံး ကာရိုက်တာ ကောင်းတာမကောင်းတာထက် ပရိသတ်ရင်ထဲ ကျန်အောင် ရွေးဖြစ်ပါတယ်” လို့ MC ကို ပြောပါတယ်။

#AngelLamung












#MyanmarCelebrity #MyanmarActor #MyanmarActress

Related Posts

Scroll to top