သရုပ်ဆောင် သွန်းဆက် ပြောပြတဲ့ အချစ် နဲ့ လှပခြင်း ဆိုတာ...

ရိုက်ကွင်းပေါ်က မြန်မာဆန်ဆန်လေးနဲ့ ချစ်ဖို့ကောင်းနေသူ သရုပ်ဆောင် သွန်းဆက် ရဲ့ အပြုံး Snap လေးမျာ 😍😍😍



“ပိန်သွားပေမယ့် (၁၀) ပေါင်လောက်ပဲ ကျသွားတော့ တအားမသိသာလိုက်ဘူး။ အရမ်း ဝိတ်ကျပြီး ပိန်ချင်၊ လှချင်နေပြီ။ စားချင်တဲ့အခါ ခေါင်းထဲမှာ ဘာမှမရှိဘဲ စားမိသွားတယ်။ စိတ်ညစ်စရာတွေလည်း ရှိနေတော့ ပင်ပန်းပြီး ပိန်သွားတာပါ။ ကင်မရာထဲမှာ ကိုယ့်ကိုယ်ကို ကြည့်တာ မကြိုက်တော့ ဝိတ်ချမိတာပေါ့။ Gym က ဆော့တာမမှန်ဘူး။ အဓိကက ထမင်းဖြတ်ထားတယ်။ မျက်နှာက ဖောင်းတဲ့ သူ၊ ပိန်တာ၊ ဝတာ မြန်တဲ့အမျိုးမို့ ဖောင်းလိုက်၊ ပိန်လိုက်ဖြစ်နေတာပေါ့။ နောက်ထပ် (၁၅) ပေါင်လောက် ကျဖို့ ကြိုးစားရဦးမယ်” လို့ MC ကို ပြောပါတယ်။ 
#ThunSett 








“အဆင်မပြေလို့ လမ်းခွဲလိုက်တယ်။ ဆယ်ကျော်သက် အရွယ်တုန်းကလို အသည်းလည်း မကွဲဘူး။ လုပ်စရာရှိတာ လုပ်ပြီး အလှဆုံး နေတယ်။ ပြီးခဲ့တာတွေကို အတိတ်မှာပဲ ထားခဲ့တယ်။ အဆက်အသွယ်ပြတ်သွားတော့လည်း ဘယ်သူ့ကိုမှ ဘာမှမပြောဘူး။ ကိုယ့်လမ်း ကိုယ်လျှောက်ကြတယ်။ သူမချစ်ပေးမယ့် ကိုယ့်ကို ချစ်တဲ့သူတွေ အရမ်းများလို့ ဘဝမှာ သာယာပြီး နေလို့ကောင်းတယ်။ အခုချိန်မှာ ရည်းစားလည်း မထားချင်တော့သလို အချစ်ကိုလည်း မယုံကြည်တော့ဘူး” လို့ MC ကို ပြောပါတယ်။ 
#ThunSett



#MyanmarCelebrity

Related Posts

Scroll to top