စိတ်ဆိုး၊ ရန်ဖြစ်ကြပေမယ့် ခဏလေးပါပဲ 🌟 သရဲ (၄) ကောင် 🌟


တက္ကသိုလ်ဘဝမှာ မေဂျာမတူပေမယ့် မြန်မာမှု၊ မြန်မာဟန်ကို ပေါင်းစည်း ဖော်ပြခဲ့ကြတဲ့ 
သရဲ (၄) ကောင် ပြဇာတ်အဖွဲ့ဝင်
   .....အရိုင်း၊ ငှက်ပျောကြော်၊ ကင်းကောင်၊ ဖိုးဖြူ.....
သူငယ်ချင်း မက၊ ညီအစ်ကို မက၊ ဘော်ဒါတွေ ဆိုတော့ ရဲ့ တခြားသူတွေထက် ပိုတယ်။ ဖိုးဖြူက အဖွဲ့ထဲမှာ အလည်ဆုံး၊ အယုတ်မာဆုံးပဲ။ ဗိုက်ဆာရင် စိတ်အရမ်းတိုတတ်တာက ငှက်ပျောကြော်။ အဖွဲ့ထဲမှာ ဘာမှမဖြစ် မခွဲစိတ်ဘဲ ကျန်းမာနေတာက သူပဲ။ အကြီးအကျယ် သဘောထား ကွဲလွဲတာ မရှိဘူး။ မကျေနပ်ရင် တစ်ခါတည်း ရှင်းကြလို့ အခု အသက် (၆၀) နားအထိ တည်မြဲတယ်။ သေတဲ့အချိန်ကျမှ ဆက်ဆံရေးက ပြုတ်သွားကြမှာပါ။ 
By - MyanmarCelebrity


 #KinKaung

တက္ကသိုလ်ဘဝက အခုခေတ်လို မဟုတ်ဘူး။ အရမ်းပျော်ဖို့ ကောင်းတယ်။ အိမ်ပြန်တဲ့ နေတွေနည်းပြီး ကျောင်းမှာပဲ နေ၊ ကျောင်းမှာပဲ အိပ်ကြတာ။ နေ့စဉ်ရက်ဆက် အပေါင်ဆိုင် ရောက်ပြီး ရှုံးတဲ့ ပစ္စည်းတွေလည်း ရှိတာပေါ့။ အဲတုန်းက ဖြစ်ခဲ့တဲ့ အမှတ်တရ အလွဲလေးတွေက အခုချိန် ပြန်ပြောဖြစ်ရင် ရယ်စရာလေးတွေ ဖြစ်သွားကြတာပေါ့။ 

 #NgaPyawGyaw

 #PhoePhyu

"တက္ကသိုလ်ဘဝက အဖြစ်အပျက်တွေက ဇာတ်ညွှန်းဖြစ်လာတယ်" 
ကျောင်းသားဇာတ်ကို ပြန်ရိုက်တဲ့ ဗီဒီယိုကားတွေအတွက် ဦးအရိုင်းက ဇာတ်ညွှန်းကို ရေးခဲ့တယ်။ တကယ့်ကို ပင်ကိုယ်ဗီဇ၊ တက္ကသိုလ်ဘဝ အဖြစ်အပျက်တွေကို ဇာတ်ညွှန်းပြန်ရေးတဲ့ ဇာတ်ကားကလည်း ရယ်ရတဲ့အပြင် အားလုံးက ဒီပုံစံပဲမို့ ကာရိုက်တာက တကူးတက လုပ်စရာမလိုဘဲ အသက်ဝင်နေတာပေါ့။

 #AYaing
#MyanmarCelebrity #ThaYeLayKaung

Related Posts

Scroll to top