အမေ့ကို ကိုယ်ကိုယ်တိုင် ပြုစုပေးရတာ ကျေနပ်တယ် လို့ ပြောလာတဲ့ မိုးဟေကို





“အမေ့ ကျန်းမာရေးကို ဂရုစိုက်ရင်း ကိုယ်ကိုယ်တိုင်လည်း ကျန်းမာရေး ဂရုစိုက်ဖြစ်သွားတယ်။ အဓိက ကတော့ အမေ့ကျန်းမာရေးကို ပိုပြီး ဂရုစိုက်ဖြစ်တယ်။ ဒါကြောင့် နောက်ပိုင်း ဇာတ်ကားတွေ သိပ်မရိုက်ဖြစ်ဘူး။ ပရိသတ်တွေ ဆုတောင်းပေးတဲ့ မေတ္တာကြောင့် အမေက ပိုပြီး ကျန်းမာလာပေမယ့် ဒုတိယအကြိမ် ခွဲစိတ်ဖို့ ဘန်ကောက်ကို သွားရဦးမယ်။ အမေ့ကို လိုလေသေး မရှိအောင် ကိုယ်ကိုယ်တိုင် ဦးဆောင်ပြီး လုပ်ပေးရတာ ကျေနပ်တယ်။ ကျန်းမာရေး နဲ့ ပျော်ရွှင်မှုက ဘ၀မှာ အရေးကြီးဆုံးပါ” လို့ MC ကို ပြောပါတယ်။

By - MyanmarCelebrity


#MoeHayKo



*သရုပ်ဆောင် မိုးဟေကို က အမေဖြစ်သူ ကျန်းမာရေးကြောင့် အနုပညာအလုပ်တွေ ခဏ နားထားတာ ဖြစ်ပါတယ်။ မကြာခင်မှာပဲ မိုးရုပ်ရှင်ထုတ်လုပ်ရေးမှ သရုပ်ဆောင် ပြေတီဦး နှင့် မိုးဟေကို တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ "အမုန်းတွေ ခေါက်ထားလိုက်" ရုပ်ရှင်ဇာတ်ကားက ရုံတင်တော့မှာ ဖြစ်ပါတယ်*




*မိုး တစ်ယောက်ကတော့ မြန်မာဆန်ဆန်လေးနဲ့ အရမ်းကို လှနေပါတယ်*





#MyanmarCelebrity #MyanmarActress

Related Posts

Scroll to top