ချိုပြုံး မြေး ဝင်းခန့်မိုး၊ မင်းမော်ကွန်း သမီး လေပြေသွေး နဲ့ အရိုင်း သမီး ပန်းနုပျိုမေ


လေပြေ နဲ့ ပန်းနုက ငယ်ငယ်လေးကတည်းက ခင်ကြတယ်။ အရမ်းချစ်ကြတဲ့ သူငယ်ချင်းမို့ အမြဲတစ်တွဲပဲ။ ဒီ (၃) ယောက်မှာ စိတ်အကောက်ဆုံး၊ အချော့ရဆုံးက ဝင်းခန့်မိုးပါ။ အနုပညာကို ဝါသနာပါတဲ့သူတွေဆိုပေမယ့် အနုပညာရှင်ရဲ့ သားသမီးဆိုပြီး ကိုယ့် talent ကို ပရိသတ်က မမြင်ကြတော့ဘူး။ 



အရိုင်း ရဲ့ သမီးလေး ❤ပန်းနုပျိုမေ❤
မွေးမွေးချင်းတုန်းက ပန်းရောင်သန်းလို့ Pinky လို့ ခေါ်တယ်။ ဖေဖေနဲ့တူတာက ဟာသဥာဏ်ရှိတယ်။ ကိုနေတိုးက Idol ပါ။ (၃) တန်းကတည်းက ကြိုက်တာ အခုထိပဲ။ အနုပညာအလုပ်ပဲ ဖြစ်ဖြစ်၊ ပညာရေးပဲ ဖြစ်ဖြစ် အသေးစိတ်ကအစ သေချာလုပ်ဖို့ အဖေ ပြောတယ်။ 
#PanNuPyoMay 


ချိုပြုံး ရဲ့ မြေးလေး ❤ဝင်းခန့်မိုး❤
အိမ်နာမည်က Billion ပါ။ အဖွားကို ချိုချိုလို့ ခေါ်တယ်။ အဖွားနဲ့ အနုပညာဝါသနာပါတာက လွဲရင် ဘာမှမတူဘူး။ သရုပ်ဆောင်ရော၊ အဆိုတော်ရော လုပ်ချင်တယ်။ မောင်နှမ (၅) ယောက်ရှိတယ်။ ငယ်ငယ်ကတည်းက အစ်မ၊ ညီမတွေနဲ့ နေတော့ မိန်းကလေးအကြောင်း သိတယ်။ စိတ်တစ်ခုခုဖြစ်ရင် ဂိမ်းဆော့တတ်တယ်။
#WinKhantMoe


မင်းမော်ကွန်း ရဲ့ သမီးလေး ❤ လေပြေသွေး❤ 
ဖေဖေ့လိုပဲ စကားမပြောဘဲ နေရင် မျက်နှာက ရုပ်တည်တယ်။ (၁၃) နှစ်လုံးလုံး အငယ်ဆုံးဖြစ်သွားတော့ အခု အငယ်လေး ရောက်လာလို့ ကြောက်နေရတယ်။ တစ်ဦးတည်းသော သမီးဆိုပေမယ့် ဗိုလ်ကျလို့ မရဘူး။ ပထမဆုံး ရုပ်ရှင်ကားမှာ ဖိုးဖိုး နဲ့ ဖေဖေက သရုပ်ဆောင်တာ သင်ပေးတယ်။ ပညာရေးပိုင်းမှာ ပြီးအောင်လုပ်ပြီးတော့ ဝါသနာပါတာ လုပ်မယ်။
#LayPyayThway










#LayPyayThway #WinKhantMoe #PanNuPyoMay #MCLiveChat

Related Posts

Scroll to top