သားသား နဲ့ မိစန္ဒီ တို့ရဲ့ ချစ်သူတော်ချင်တဲ့ ပုံစံက ⁉️




"မိစန္ဒီက ခင်ဖို့ကောင်းတယ်။ ရိုးသားတယ်။ ပဲလည်း မများဘူး။ ပွင့်ပွင့်လင်းလင်း ရှိတယ်။ ယောက်ျားလေး သူငယ်ချင်းလို ပေါင်းလို့ကောင်းတယ်။ မိန်းကလေး သူငယ်ချင်းဆိုလို့ မိစန္ဒီ တစ်ယောက်ပဲ ရှိတယ်" 
ဆိုတဲ့ သားသား 

"ကိုသားသား က အလုပ်လုပ်ရင် အရမ်းစေတနာပါတယ်။ ကိုယ်ဂျီးများသမျှလည်း လိုက်လုပ်ပေးတယ်။ အခုနောက်ပိုင်း အရမ်းလည်း နုလာတယ်။ အရမ်းကောင်းတဲ့ သူငယ်ချင်း တစ်ယောက်ပါ။ မကြိုက်ဆုံးအချက်ကတော့ ကိုယ့်သီချင်းတွေ ပို့မယ်ဆိုတဲ့နေ့ မပို့ဘဲ နောက်နှစ်ရက်လောက်နေမှ ပို့တာ မကြိုက်ဘူး" 
ဆိုတဲ့ မိစန္ဒီ

By - MyanmarCelebrity 


🖤သားသား🖤

“ရိုးသားပြီး ချစ်ရမယ်။ ပုံသဏ္ဍန်က အရေးမကြီးဘူး။ တကယ်ချစ်ရင် လူတိုင်းက ကြည့်ရင်း ကြည့်ရင်းနဲ့ လှသွားတယ်။ အနေအေးပြီး တော်တဲ့ သူမျိုးကို သဘောကျတယ်” 

#TharThar 




❤️မိစန္ဒီ❤️

“အချစ်ရေးက အထီးကျန်နေတယ်။ ယောက်ျားပီသပြီး စပ်စုတာမျိုး မရှိရဘူး။ စိတ်မပုတ်ရဘူး။ ရိုးသားပြီး စိတ်ထားကောင်းရမယ်။ ဦးဆောင်နိုင်ရမယ်။ မောင်တစ်ထမ်း မယ်တစ်ရွက် သွားတဲ့သူမျိုးကို ပိုကြိုက်တယ်။ ကိုယ်က သွက်တော့ အရမ်းအေးတဲ့ သူမျိုးကို မကြိုက်ဘူး။ အဓိက ကတော့ အချစ်ပါပဲ” 

#MiSandi 



ဒီလထဲမှာ သီချင်းတွေ အများကြီး ထွက်ဖို့ရှိတယ်။ အသဲကွဲ သီချင်း မရေးဖြစ်တာ ကြာပြီ။ ဟိုမရောက် ဒီမရောက် ခံစားချက်လေးတွေတော့ ရေးဖြစ်နေတယ်။ သေတဲ့အထိ ခရီးကို သွားနိုင်တဲ့ အချိန်အထိ သွားမယ်။ မိသားစုနဲ့ နွေးနွေးထွေးထွေး ခရီးသွားမယ်။ 



အသဲက အမြဲတမ်း ကွဲတယ်။ ခံစားလွယ်တယ်။ အဲ့လိုအချိန်က သီချင်းရေးလို့ ကောင်းတယ်။ မောင်နှမ (၃) ယောက်မှာ အကြီးဆုံးပါ။ ညီမလေး တစ်ယောက် နဲ့ မောင်လေး တစ်ယောက်ရှိတယ်။ 
အသက်ကြီးလာရင် ကလောမှာ အခြေချချင်တယ်။ 







#MyanmarCelebrity #MyanmarSinger #MCLiveChat #Friendship

Related Posts

Scroll to top