တောကျီးကန်း ရိုက်တော့ ခေါင်းထဲသံချောင်းစိုက်တဲ့ အကြောင်း ပြောပြခဲ့တဲ့ - ခင်လှိုင်


ခိုးဆိုးလုနှိုက် (၂) -  တောကျီးကန်း ရုပ်ရှင်ဇာတ်ကား ရိုက်ကူးစဉ် က ခေါင်းထဲ သံချောင်းစိုက်လို့ ဆေးရုံမှာ ချုပ်လိုက်ရတဲ့အကြောင်း သရုပ်ဆောင် ဦးခင်လှိုင် က  MC သို့ ပြောပြခဲ့ပါတယ်။


"ကျွန်တော် ထိခိုက်ဒဏ်ရာလည်း ရခဲ့တယ်။ သုံးဘိန်းဆိုင်ကယ်နဲ့ နောက်ကနေလိုက်တော့ မြင့်မြတ်က အပေါ်ကနေပြီး ပစ္စည်းထုတ်တွေ လျောချပေးတယ်။ အဲ့မှာ လျှောက်လမ်း ရေတစ်ကောက်ကြီး ရှိတယ်။ အဲ့ရေတစ်ကောက်ကြီး က တော်တော်လေးကို လေးတယ်။ လုပ်ထားတာကတော့ ခြောက်ထပ်သားနဲ့ လုပ်တာပဲ ။ ဒါပေမယ့် သူက ပေ အရမ်းရှည်တဲ့အခါကြတော့  ၀ိတ်ကတစ်အားများသွားတာပေါ့  ။ များတဲ့ အပြင်ရှေ့ နဲ့ နောက်နဲ့ ချိတ်ထားတဲ့  သံချိတ်ကလွတ်ကြပြီးတော့ ကျွန်တော့်ခေါင်းကို ရိုက်တော့ သံက ထွက်နေတာ ၊ အဲ့သံက ခေါင်းထဲလာစိုက်တော့ ကျွန်တော်ကြောက်ပြီးတော့ ခေါင်းရမ်းလိုက်တာ  ခွဲလိုက်သလိုဖြစ်သွားတယ် ။ရိုက်တာကလည်း ကလောနဲ့ အောင်ပန်း ကြားလမ်းထဲမှာ ရိုက်တာဆိုတော့ အဲ့အချိန် မနက် (၅) နာရီလောက်ဆိုတော့ ဆေးခန်းတွေလည်း မဖွင့်သေးဘူး ။ ကိုယ့်နယ်လည်း မဟုတ်တော့ ဘယ်မှာ ရှိမှန်းလည်း မသိဘူး။ (၈) နာရီလောက်ကြမှ ကလောမှာ ခေါင်းကို သွားချုပ်ရတာပေါ့လေ ။ ပြီးတော့ မြင့်မြတ် ဆိုင်ကိုဝင်ဖျက်စီးတဲ့ အခန်းမှာဆိုရင် သောက်ရေအိုးကို အားနဲ့ပြေးကန်လိုက်တာ ။ ခြေမကြီး ခြေသည်းလန်ထွက်သွားတာပေါ့ ။ အဲ့လို ထိခိုက်ဒဏ်ရာတွေ ရှိခဲ့တယ် ။ နောက်ပြီးတော့ ကျွန်တော် အကြောက်ဆုံးက ကုန်ကားနောက်ကို တော်လျောက်လိုက်တဲ့ အခန်းရိုက်တယ်။ ကျွန်တော်တို့ ကွယ်သွားမှာစိုးလို့ ဆိုင်ကယ် နဲ့ ကားကပ်ထားလိုက်ရတာ ။သံချောင်းနှစ်ချောင်းနဲ့ ဆိုင်ကယ် ဟန်ဒယ်ကိုတွယ်ထားတာပေါ့ ။ ကွေ့တွေရောက်တဲ့အချိန်ကြတော့ သံချောင်းကွေးသွားပြီး ကျိုးရင် ဗိုက်ကိုလာစိုက်မှာ တစ်အားကြောက်တယ်။ ကျွန်တော် နောက်ဆုံးဇာတ်သိမ်းခမ်း ရိုက်တဲ့အချိန် ဒဏ်ရာကိုပေါ်မှာစိုးလို့ မိတ်ကပ်ထပ်အုပ် လိုက်ရသေးတယ်။ အဲ့တော့ပိုဆိုးသွားတာပေါ့  ။ အခုချိန်ထိ ကျန်သေးတယ်။ ကျန်တာကတော့ ပျော် တယ်  " - ခင်လှိုင်









#MyanmarCelebrity #KhinHlaing

Related Posts

Scroll to top