ရုပ်ရှင်လောကသားတွေ ငါ အတ္တ လျော့ဖို့လိုတယ် - ကျော်သူ


 ရုပ်ရှင်လောကမှာ ငါ့မင်းသား ၊ ငါ့မင်းသမီး ၊ ငါ့ ရုပ်ရှင်ရုံ ဆိုတဲ့ အတ္တတွေရှိနေလို့ ဒုက္ခရောက်နေကြတာဖြစ်လို့ လျော့ချပြီး ကိုယ်ကောင်းအောင် ကြိုးစားဖို့ပဲ လိုတယ်လို့ သရုပ်ဆောင် ကျော်သူ က MC သို့ပြောပါတယ်။


“အမှန်မှန်ကတော့ ရုပ်ရှင်လုပ်ငန်းပဲဖြစ်ဖြစ် ငါ ဆိုတဲ့အတ္တ ဆိုတာကို ဖြုတ်ကြမှပဲ အဆင်ပြေမှာ ။ အခုက ရုပ်ရှင်လောကမှာ ငါ ၊ ငါ့ဟာ ၊ ငါ့မင်းသား ၊ ငါ့မင်းသမီး ၊ ငါ့ ရုပ်ရှင်ရုံ ဒါတွေဖြစ်နေတာ ။ ငါ ဆိုတာတွေကြောင့်ပဲ ဒုက္ခရောက်နေကြတာ။ ဟိုတုန်းကဆိုရင် ကိုယ်ကောင်းရင် ကောင်းသလို ရမယ်လေ ။ရှေ့ဆောင်မှာ ကျော်သူ ၊ နေပြည်တော် မှာ စိုးသူဖြစ်ရင်လည်း ဖြစ်မယ်။ ကောင်းတဲ့ကားဖြစ်မှာပဲ ။ ဒါတောင်တစ်ခါတစ်လေ ကျော်သူ ကနှစ်ရုံလုံး ဖြစ်ရင်ဖြစ်တာပဲ  ။ ကိုယ်ကောင်းတဲ့ဇာတ်ကား ပိုက်ဆံရမယ် ဒါပဲ ။ ကိုယ်ကောင်းအောင်ပဲ လုပ်ဖို့ရှိမယ် ” - ကျော်သူ 




ဦးကျော်သူ က ရုပ်ရှင်ဇာတ်ကားတွေ  ကမ်းလှမ်းမှု ရှိပေမယ့် ဘဘဦးသုခ ကို စံနမူနာယူပြီး ဇာတ်ကားတွေ ရိုက်သွားမယ်လို့  ဆိုပါတယ်။ ဘဘ ရိုက်ကူးခဲ့တဲ့ အသုံးလုံး၊ ဘယ်သူပြိုင်လို့ လှပါတော့နိုင်၊ အကာကအချစ် အနှစ်ကမေတ္တာ ၊ ရဟန်းစားသော ဆွမ်းတစ်နပ် လို ပညာရေး ၊ ဘာသာရေး ၊ မိဘမေတ္တာ ပုံဖော်မယ့် ဇာတ်ကားမျိုးကိုပဲ  ရိုက်ကူးသွားမယ်လို့ ပြောပါတယ်။   By MyanmarCelebrity 





#MyanmarCelebrity #KyawThu

Related Posts

Scroll to top