ရန်ကင်းကလေးဆေးရုံမှာ မေမြန်မာခေတ်နဲ့မေမြန်မာသစ် (၁)နှစ်ပြည့် မွေးနေ့အလှူပြုလုပ်


အဆိုတော် လင်းလင်း နှင့် သရုပ်ဆောင် ချစ်သုဝေ တို့ရဲ့ အမွှာသမီးလေးနှစ်ဦးဖြစ်တဲ့  မေမြန်မာခေတ် ၊ မေမြန်မာသစ် တစ်နှစ်ပြည့် မွေးနေ့အလှူအဖြစ် ဇန်န၀ါရီလ (၁၉) ရက်နေ့ က ရန်ကုန် ၊ ရန်ကင်း ကလေးဆေးရုံမှာ ပြုလုပ်ခဲ့ပါတယ်။ မွေးနေ့အလှူအဖြစ်  ငွေသိန်း(၄၀) အပြင် ကလေးအယောက် (၃၀၀)ကျော် အတွက် စားစရာများ ၊ ကလေးအသုံးအဆောင်ပစ္စည်းများ လှူဒါန်းခဲ့ပြီး ပျော်ပျော်ရွှင်ရွှင်ဖြင့် မွေးနေ့ကိတ်ခွဲခဲ့ကြပါတယ်။



" အလှူလေးပဲလုပ်ဖို့ ပြင်ဆင်ဖြစ်တာ။ ပွဲတော့မလုပ်ဖြစ်တာပေါ့။ အဲ့အတွက် ကုန်ကျမယ့် စရိတ်တွေကို အလှူအတန်းလုပ်ဖြစ်လိုက်တာပေါ့ ။ ရန်ကင်းကလေးဆေးရုံမှာလည်း  အရေးပေါ်ခွဲစိတ်မယ့် ကလေးလူနာတွေအတွက် လှူတာတယ် ။ ကလေးအယောက် (၃၀၀)ကျော်ဆိုတော့ အထုပ် (၄၀၀)ပေါ့နော်။ ကလေးတွေအတွက်စားစရာလေးတွေ ၊ ဆော့မယ့် ပုံဆွဲစာအုပ် လေးတွေလှူမယ်ဆိုပြီး စိတ်ကူးနဲ့ လာလှူဖြစ်တာပေါ့ ။ မမတို့က အေးအေးဆေးဆေးလာလှူတာပေါ့နော်။ ရန်ကင်းဆေးရုံက ပွဲလေးနဲ့ကြိုတော့လည်း ကလေးလေးတွေကို ချစ်လို့လုပ်ပေးတယ် ဆိုတော့လည်းမိဘနှစ်ပါးအနေနဲ့ ပျော်တာပေါ့နော်" လို့ သရုပ်ဆောင်၊ အဆိုတော် ချစ်သုဝေ က MC သို့ပြောပါတယ်။




















 #MyanmarCelebrity #LinLin #ChitThuWai #MayMyanmarKhit#MayMyanmarThit

Related Posts

Scroll to top