သုံးရောင်ခြယ် ရုပ်ရှင်ဇာတ်ကား အထူးပွဲပြသ


 "သုံးရောင်ခြယ်" ရုပ်ရှင်ဇာတ်ကား အထူးပွဲပြသခြင်း ကို ဇန်န၀ါရီလ (၇) ရက်နေ့က ရန်ကုန် ၊  သမ္မတရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့ပါတယ်။ ဒီဇာတ်ကားကို ဒါရိုက်တာ စတီး(လ်)(ဒွေးမေတ္တာ) ကရိုက်ကူးပုံဖော်ပြီး သရုပ်ဆောင် ခန့်စည်သူ၊ မင်းမော်ကွန်း၊ နေမျိုးအောင်၊ အိချောပို၊ ရွှေသမီး နှင့် အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ထားပါတယ်။



"ဒီဇာတ်အိမ်တည်ဖြစ်တာကတော့ ကျွန်တော် မြ၀တီဘက်ကို ခရီးထွက်တယ်။ ခရီးထွက်ပြီးတော့ Location ကြည့်လိုက်တဲ့အချိန်မှာ ဟိုဘက်ကမ်းမှာ BeautySloon လို အကြောင်းအရာလေးတစ်ခုရှိတယ်ပေါ့။ ကျွန်တော်တို့နဲ့ ပါသွားတဲ့ကောင်လေးတွေက ဟိုဘက်ကမ်းကို သွားကြတာပေါ့ ။ နောက်တော့ ကောင်မလေးတစ်ယောက် နဲ့သိတယ်။ အဲ့ကောင်မလေးကလည်း ရုပ်ရှင်သမားတွေလာတော့ လာမိတ်ဆက်တာပေါ့လေ ။ သူတို့လာရင်း နဲ့ သူရဲ့ Life လေးတစ်ခု ကိုပြောပြတာပေါ့ ။ သူတို့ရောင်းစားခံရရင်းနဲ့  ဒီကိုရောက်တော့ ဘ၀ဆုံးသွားတဲ့အတွက်ကြောင့် ရွာလည်းမပြန်ရဲဘဲ အိမ်ကသူတွေကို လိမ်ပြီးတော့ ပိုက်ဆံတွေ ပို့နေရတယ်ပေါ့ ။ အဲ့အကြောင်းအရာလေးကို သိလိုက်တဲ့အချိန်မှာ ဇာတ်လမ်းလေးတစ်ခုကို ဖန်တီးကြမယ်ဆိုပြီးတော့  ကျွန်တော်ရယ် ၊ ဇာတ်ညွှန်းရေးဆရာ ကိုမြတ်ဆွေ နဲ့တိုင်ပင်ပြီး ဖန်တီးဖြစ်သွားတာပါ" လို့ ဒါရိုက်တာ စတီး (ဒွေးမေတ္တာ) က MC သို့ပြောပါတယ်။









#MyanmarCelebrity #SaTee#MinMawKon#NayMyoAung

Related Posts

Scroll to top