ကလေးစိတ်မပျောက်သေးပါဘူး - ယွန်းယွန်း


 အသက်(၁၈) နှစ်ပြည့်သွားလို့ လူကြီးတစ်ယောက်လို ထင်နေကြပေမယ့် ကိုယ်တိုင်ကတော့ ကလေးတစ်ယောက်လိုပဲ ခံစားရပါတယ် လို့ သရုပ်ဆောင် ယွန်းယွန်း က MC သို့ပြောပါတယ်။

“ ညီမ (၁၈) ထဲဝင်လာတော့ လူတွေက လူကြီးလို့ထင်လာကြတာပေါ့။  ညီမကိုယ်တိုင်ကတော့ ဘယ်တုန်းက (၁၈) နှစ်ပြည့်ပြီး လူကြီးဖြစ်သွားမှန်းတောင် မသိပါဘူး။ ကိုယ့်ဘာသာပဲ ကလေးလိုနေတာ ။ ကလေးပုံကလည်း မပျောက်သေးဘူး။ ကလေးစိတ်လည်း မပျောက်သေးဘူး။ ဒါကတော့ အပြင်ကပေါ့။ ကာရိုက်တာတစ်ခုကို လက်ခံပြီးရင်တော့ အနီးစပ်ဆုံးဖြစ်အောင် ကလေးစိတ်ဖျောက်ပြီး ကြိုးစားပါတယ်  ။ ခေါင်းဆောင်တို့ဘာတို့ မရွေးပါဘူး။ အဓိကကတော့ ညီမကာရိုက်တာလေးကို ယုံကြည်မှုရှိပြီး ကြိုက်တယ်ဆိုရင် ရိုက်တာပါပဲ။ ကလေးသရုပ်ဆောင် ၊ လူကြီးသရုပ်ဆောင် ဆိုတာထက် ပေးလာတဲ့ ကာရိုက်တာကိုပဲ ကောင်းအောင်လုပ်ပါတယ် ” - ယွန်းယွန်း



လက်ရှိ ပညာရေး နှင့် ဇာတ်လမ်းရိုက်ကူးမှု ရွေးချယ်တဲ့ အပိုင်းနဲ့ ပက်သက်ပြီး  "ညီမက အခုပြည်တွင်းက တက္ကသိုလ်ကျာင်းလည်း တတ်နေတယ်။ အပြင်က လေ့လာတဲ့  Business Management ပညာရပ်လည်းရှိတယ် ။ သူများတွေလိုတော့ အနုပညာကို နေ့ည မလုပ်နိုင်ဘူးပေါ့။ ပရိသတ်ကြည့်ရင်လည်း သူနဲ့အဆင်ပြေတယ်၊ သင့်တော်တယ် ဆိုတဲ့ ကာရိုက်လည်း ဖြစ်စေချင်တယ်။ စိစစ်ပြီးတော့ မိဘတွေ ၊ ဆရာသမားတွေ အကြံဥာဏ် နဲ့ တိုင်ပင်ပြီးတော့ ဆုံးဖြတ်ပါတယ်။ ညီမကို ဇာတ်လမ်းတွဲနဲ့ ပရိသတ်က လက်ခံတဲ့အတွက်ကြောင့် ဇာတ်လမ်းတွဲံလေးတွေ ရိုက်ဖို့တော့ ရှိတာပေါ့။ ညီမအနေနဲ့ က ကာရိုက်တာကို ကြိုက်ရင်တော့ ရိုက်မှာပါ"  လို့ သူမကပြောပါတယ်။
By MyanmarCelebrity




#MyanmarCelebrity #YoonYoon

Related Posts

Scroll to top