ဓမ္မဂုဏ်ရည်ကျောင်းတိုက် မှာ ရှင်ပြုအလှူလုပ်ပေးခဲ့တဲ့ အနုပညာရှင်များ



ရွှေပြည်သာ၊ တညင်းကုန်းဘူတာအနီး၊ ရွှေဗဟိုရ်ပတ်လမ်း ရှိ ဓမ္မဂုဏ်ရည်ကျောင်းတိုက်မှာ အဆိုတော် ကော်နီ၊ မီမီဝင်းဖေ၊ တင်ဇာမော်၊ ဇင်ဇင်ဇော်ခိုင်၊ ခင်ခင်ချော၊ ဖြိုးပြည့်စုံ နှင့် ဂီတမောင်နှမများမှ ရှင်သာမဏေ (၁၆)ပါးတို့အား ပဗ္ဗဇ္ဇအမွေခံ ရှင်ပြု ကုသိုလ်အလှူမင်္ဂလာကို ဒီကနေ့ ဖေဖော်ဝါရီလ (၂၇) ရက်နေ့က ရေစက်ချ လှူဒါန်းခဲ့ပါတယ်။
    



" မကော်တို့ မန္တလာမင်း အလှူမှာ စပြီးတော့ ရောက်လာတယ် ။ မကော်ရဲ့ရှေ့မှာ ကိုလေးဖြူတို့ ကိုးကွယ်တာပါ ။  မကော်တို့ ဆရာတော်ဆီရောက်လာရင်းနဲ့ တတ်အားသရွေ့လှူဖြစ်ကြတာ ။ ဆရာတော်က ကလေးတွေကို ရှင်ပြုအလှူလုပ်တာပေါ့ ။ ဆရာ့တော် ကျောင်းမှာ မွေးထားတဲ့ မိဘမဲ့ကလေးတွေရှိတယ် ။ ဒီကလေးတွေက ကျောင်းတတ်မယ့်အချိန်ဆိုရင် ကျောင်းတတ်တယ် ၊ ကျောင်းပိတ်ပြီးရင် သာသနာပြုတယ် ။ အဲ့ဒီအတွက် မကော်တို့နှစ်တိုင်း ကုသိုလ်ပြုရမယ့် ဒါယိကာမပေါ့ " လို့ အဆိုတော် ကော်နီ က  MC သို့ပြောပါတယ်။












 #MyanmarCelebrity #Connie #MieMieWinPe

Related Posts

Scroll to top